Ch 43: Ask the Way

8.8K 1.4K 54
                                    

(Unicode)

Chapter-43 Ask the Way

"မင်းပြောစရာ မလိုဘူး.. ငါ့ကို အဲဒီကို ခေါ်သွား.. နားလည်ပြီလား.. ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ခေါင်းညိတ်ပြ"

အားလန်သည် အံ့အားသင့်စွာဖြင့် ခေါင်းကို ပြတ်ပြတ် သားသား ခါလိုက်သည်။ ခဲ့ရွမ်သည် ရုတ်တရက် သူ့လက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် မသိစိတ်က သူ့လက်ကို လွှတ်လိုက်သည်။

ထို့နောက် အားလန်က အော်ဟစ်နေတော့သည်။

"ကယ်ကြပါ! ကယ်ကြပါ!"

ခဲ့ရွမ် အလွန်ထိတ်လန့သွားသည်။ သူမ အော်သံကို တစ်စုံတစ်ယောက်ကြားသွားပါက ကြောက်စရာ ကောင်းတာတွေ ဖြစ်လာလိမ့်မည်။ သို့သော်လည်း သူမ စ,စအော်ခြင်းမှာပဲ မေ့လဲသွားတော့သည်။

ခဲ့ရွမ် နောက်တစ်ကြိမ် ထိတ်လန့်သွားပြန်သည်။
ဘာဖြစ်သွားတာလဲ?

"သခင်လေး.."

ခဲ့ရွမ် မော့ကြည့်လိုက်တော့ စစ်ယွိဟန်၏ ဖြူစင်ပြီး ကလေးဆန်သော မျက်နှာလေးကို တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ" သူက ညင်သာစွာ မေးလိုက်သည်။

"အာ.. မိန်းကလေးက ကျွန်တော်ရိုက်လိုက်တာကြောင့် မေ့သွားပုံရတယ်"

ဘာ?

သူလုပ်ခဲ့တာ?

သူ ဘာမှမမေးရသေးခင်မှာပဲ စစ်ယွိဟန်က ပြောသည်။

"သူမ အော်သံကြောင့် ဓားပြတွေရဲ့အာရုံကို ဆွဲဆောင်မိသွားမှာ ကျွန်တော်စိုးရိမ်လို့ပါ.. ဒါကြောင့်.."

ခဲ့ရွမ် သစ်ပင်ပေါ်တက်သွားပြီး စစ်ယွိဟန်ကို အောက်ချပေးကာ နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့.. မင်းက မှန်တာကို လုပ်ခဲ့တာပဲ.. ဓားပြတွေသာ ရောက်လာခဲ့ရင် ငါတို့ ဒုက္ခရောက်မှာ ကျိန်းသေတယ်။ ဒါပေမယ့်.. မင်းဘယ်လို လုပ်လိုက်တာလဲ"

စစ်ယွိဟန်က ခေါင်းလေးငုံ့ပြီး ပြောင်းလိုက်သည်။

"ကျွန်တော် သိုင်းပညာနည်းနည်းတတ်တတယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now