Ch 54: Ke Ruan Must Die

8.8K 1.4K 10
                                    

(Unicode)

Chapter-54 Ke Ruan Must Die

ချီချန်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည် - ချင်းယဲ့က သူ့ကို အသက်ရှင်လျက်တွေ့ရတာ ဝမ်းသာပုံရသည်။

"အစ်ကိုချင်းယဲ့.. ကျွန်တော့်ကို မှတ်မိသေးလား"

လင်ချင်းယဲ့သည် စကားမပြောဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

"နောက်မှပြောရအောင်.. သခင်လေး ဘယ်မှာလဲ"

ချီချန်က သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

"အစ်ကိုချင်းယဲ့.. တကယ်ပဲ ခဲ့ရွမ်ကို ပထမနေရာမှာ ထားပြီး ကျွန်တော့်ကိစ္စကို နောက်မှပြောမှာလား" သူ့နောက်ကျောမှာ ဝှက်ထားတဲ့ လက်တွေက အနည်းငယ်တုန်နေလေသည်။

"ဟုတ်တယ်!"

ချီချန်၏ နှုတ်ခမ်းသည် ရက်စက်ကြမ်းကြုတ်သည့် ပုံစံဖြင့် အထက်သို့ ကွေးတက်သွားပြီး ခေါင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် အစ်ကိုချင်းယဲ့.. ကျွန်တော်နဲ့ပတ်သက်တဲ့ ကိစ္စတွေကပဲ အစ်ကို့အတွက် အရေးကြီးဆုံး ဖြစ်သင့်တယ်.. နောက်ပြီး ခဲ့ရွမ်က သေကို‌သေရမယ်"

သူသည် ကုလားထိုင်ပေါ်တွင် ခြေတစ်ချောင်းချိတ်ကာ ငြိမ့်ညောင်းစွာ ထိုင်ချလိုက်သည်။

"အစောင့်တွေ.. သူတို့ကို ခေါ်သွားပြီး သော့ခတ်ထားလိုက်"

လင်ချင်းယဲ့၏ နောက်မှ လူတစ်ဦးက ဆို၏။

"စစ်သူကြီး.. သခင်လေးကိုရှာဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်ရလိမ့်မယ်"

ယခင်က သူတို့သည် ခဲ့ရွမ်ကိုမုန်းတီးခဲ့ကြပြီး အိမ်ရှေ့မင်းသား မဖြစ်ထိုက်ဟု ထင်ခဲ့ကြသည် ။ သို့သော် သူနှင့် ပေါင်းသင်းကြည့်ပြီးနောက် ခဲ့ရွမ်သည် သူ၏စိတ်ထားကို ပြောင်းလဲစေရုံသာမက သူတို့ အားလုံးကို လေးစားကြောင်း တွေ့ရှိခဲ့သည်။ အထင်ကြီးရဆုံးအချက်မှာ သူတို့အား သူနှင့်တန်းတူ ဆက်ဆံသည်ဟု ခံစားရခြင်းပင်ဖြစ်သည်။ ဟုတ်ပါသည်.. ခဲ့ရွမ်နဲ့ စကားပြောရတာက သူတို့နဲ့ အဆင့်အတန်းတူတဲ့ လူတစ်ယောက်နဲ့ စကားပြောနေရသည်ဟု ခံစားရစေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now