7.9K 1K 50
(Unicode)
"အရှင်မင်းမြတ်.. ဒါက လုံးဝ မဖြစ်နိုင်ကြောင်းပါ။ သူတို့ အားလုံးက အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေပါ"
"အတိအကျပဲ.. အရှင်မင်းမြတ်.. လုံးဝ မဖြစ်နိုင်ပါဘူး"
စစ်ယွိဟန်၏ မျက်လုံးများတွင် ကြမ်းကြုတ်မှုကို မည်သူမျှ သတိမထားမိပေ။ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထား၏။ သိပ်ကောင်းတယ်။ ဒီလူတွေ။
သူ ခဲ့ရွမ်ကိုသတ်ပစ်ဖို့ နည်းနည်းလေးတောင် မတွေးတုန်းကကျတော့ သတ်ခိုင်းဖို့ သတ္တိရှိတယ်!
"ဒါဆို မင်းတို့ ကိုယ်တော့်ကို သံသယဝင်နေတာလား"
သူသည် အသံတိုးပေမယ့် ကြောက်စရာကောင်းတဲ့ပုံစံနဲ့ ပြောလိုက်သည်။ ထိုလူများသည် မိုးကြိုးမုန်တိုင်းပစ်ခံရ သကဲ့သို့ အေးစက်သောချွေးများဖြင့် တုန်လှုပ်နေကြ၏။ သူတို့ရှေ့က ဧကရာဇ်မင်းဟာ ရက်စက်ကြမ်းကြုတ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို တစ်မိနစ်လောက် သံသယဝင်တာနဲ့ ဘယ်သူမှ အသက်မရှင်နိုင်အောင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချတတ်တာကို သူတို့ ဘယ်လိုမေ့နိုင်မှာလဲ။
"ကျွန်တော်မျိုးတို့ မလုပ်ဝံ့ပါဘူး"
ထိုအမတ်များသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ ဒူးထောက်၍ တုန်လှုပ်နေကြသည်။
စစ်ယွိဟန်သည် မျက်ခုံးပင့်ကာ ခေါက်ကန့်လန့်ကာ နောက်ကွယ်မှ လူကို ရှင်းရှင်းလင်းလင်း မြင်ရန် ကြိုးစားလိုက်သည်။
"တိုင်းပြည်ကြီးက မတည်မငြိမ်ဖြစ်နေတုန်းပဲ။ နောက်ပြီး နန်းတော်ထဲကို ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးမပို့ခင် ခဲ့ရွမ်ကို ကူညီခဲ့တဲ့ အမတ်တွေလည်း ရှိနေသေးတယ်"
စစ်ယွိဟန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများကို ကျော်ဖြတ်လိုက်သည်။ အကယ်၍ သူတို့သည် သူ့စကားများမှ အနက်အဓိပ္ပာယ်ကို ဖတ်ရှုနိုင်လောက်အောင် ထက်မြက်နေပါက သူ့တို့အား အသက်ရှင်ခွင့် ပေးပေမည်။ ဒီလိုမှ မဟုတ်ရင်တော့.. ကောင်းပြီ.. ဒါ သူ့အပြစ်​မဟုတ်​တော့ဘူး။ သူ သူတို့ကို အခွင့်အရေးပေးခဲ့တယ်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now