Ch 64: ရယ်စရာကလဲ့စား/ရယ္စရာကလဲ့စား

8.8K 1.5K 59
                                    

(Unicode)

"အစ်ကိုချင်းယဲ့"

လင်ချင်းယဲ့ ရေသွန်ချလိုက်ပြီးနောက် လှည့်ကြည့်လိုက်တော့ ချီချန်ကို တွေ့လိုက်ရသည်။
သူ မသိစိတ်၏ လှုံ့ဆော်မှုအရ မျက်မှောင်ကြုတ်ကာ ခဲ့ရွမ်၏ အခန်းကို စိုက်ကြည့်လိုက်၏။

ချီချန်၏မျက်လုံးများတွင် အေးစက်မှု အရိပ်အမြွက် ပေါ်လာသည်။

"စိတ်မပူပါနဲ့ အစ်ကိုချင်းယဲ့ ငါသူ့ကို ထိခိုက်အောင် မလုပ်ပါဘူး.. လုပ်မှာလဲမဟုတ်ဘူး"

ချီချန်က ထိုသို့ပြောသော်လည်း လင်ချင်းယဲ့သည် သူ၏စောင့်ကြပ်မှုကို မလျှော့ခဲ့။

ချီချန်က စိတ်မ၀င်စားပေ။ သူလက်ခုပ်တီးလိုက်တဲ့အခါ လူပေါင်းများစွာ လက်ထဲမှာ ပန်းကန်တွေ ကိုင်ထားပြီး ရောက်လာသည်။

"နောက်ကျနေပြီ.. မနက်စာ အတူတူစားရအောင်.. ဟုတ်ပြီလား"

လင်ချင်းယဲ့က ငြင်းတော့မည်အပြု။

ချီချန်က ပြောလိုက်၏။

"အစ်ကို ကျွန်တော့်ကို မငြင်းဘူး မဟုတ်လား"

လင်ချင်းယဲ့ကမဖြေခင် ချီချန်က အစားအစာတွေ ယူလာပေးဖို့အတွက် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းဘာလုပ်နေတာလဲ?"
လင်ချင်းယဲ့သည် ဒေါသတကြီးဖြင့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ခဲ့ရွမ်သည် မာတဲ့အစားအစာတွေနဲ့ အသားငါးတွေ မစားနိုင်သေးပေ။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။

လင်ချင်းယဲ့၏ ဖြူ‌ဖွေးသော လက်များကို စိုက်ကြည့်ရင်း ချီချန်သည် သူ့ဒေါသနှင့် တွန်းအားကို မျိုသိပ်ရန် ကြိုးစားလိုက်သည်။ သူ့ အဝေးကို လှည့်ကြည့်ရင်း ပြောလိုက်၏။

"မနက်စာလေးပဲကို.. ‌ဘာတွေ စိတ်ပူနေတာလဲ"

"ချောင်တောင်မှာ ထမင်းစားဖို့ တစ်နေရာပဲ ရှိတယ်လို့တော့ မပြောနဲ့နော်"

"ဒါပေမယ့် ဒီမှာ စားချင်တယ်"
ချီချန်က သူ့သွားတွေကို တင်းတင်း‌စေ့ရင်း လက်ကို ခါယမ်းလိုက်ပြီး လှမ်းဝင်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now