Ch 90: သေရမှာကို ကြောက်ရွံ့ခြင်း/ေသရမွာကို ကြောက်ရွံ့ခြင်း

7.5K 1.2K 18
                                    

(Unicode)

"အာ့!"

မြက်နဂါးပုံစံ ချယ်လှယ်ထားသည့် အနက်ရောင် ဖိနပ်တစ်စုံသည် ခဲ့ရွမ်ရှေ့တွင် ပေါ်လာသည်။

ခဲ့ရွမ်သည် ထိုခြေနှစ်ဖက်ကို ချက်ချင်း ပွေ့ဖက်လိုက်သည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. ငါမှားမှန်းသိပါပြီ ငါမှားမှန်းသိပါပြီ"

စစ်ယွိဟန်က ထိုင်ချလိုက်၏။ သူ့မျက်လုံးများသည် အေးစက်မှုများဖြင့် ပြည့်နှက်နေပြီး နှုတ်ခမ်းပေါ်၌ အပြုံးအတုတစ်ခု တည်ရှိသည်။

"မင်းဘာအမှားလုပ်ထားတာလဲ"

"ဒါတွေအားလုံးက ငါ့အမှားပါ.. ခွင့်လွှတ်ပါ.. ခွင့်လွှတ်ပေးပါ.."

"ဒီနေရာကို မှတ်မိသေးလား"
စစ်ယွိဟန်က သူ့လက်ကိုဆန့်ထုတ်ပြီး ခဲ့ရွမ်၏‌မေးစေ့ကို ပင့်‌မြှောက်လိုက်သည်။
"ငါဒီမှာ အကြာကြီး နေခဲ့ရတာလေ.. မှတ်မိသေးရဲ့လား"

စစ်ယွိဟန်၏လက်ရှိ ခွန်အားများက ပိုများလာကာ ခဲ့ရွမ်၏မျက်နှာသည် နာကျင်စပြုလာသော်လည်း စစ်ယွိဟန်ကို ဂရုတစိုက်ကြည့်နေဆဲဖြစ်သည်။

"မင်းရဲ့ စက်ဆုပ်စရာမျက်နှာကို ကြည့်စမ်း"

"ငါက စက်ဆုပ်စရာကောင်းတယ်.. ငါ စက်ဆုပ်စရာ ကောင်းတာကို ငါသိတယ်.. ကျေးဇူးပြုပြီး ငါ့ကို သနားပါ"

"မင်းကို သနားပေးရမယ်?" စစ်ယွိဟန်က ရယ်မောလိုက်သည်။

"ငါ ဒီနေ့ကို အကြာကြီးစောင့်နေခဲ့ရတာ.. ငါ မင်းကို ဘယ်လိုလုပ် သနားနိုင်မှာလဲ"

"ငါမှားခဲ့တာကို ငါတကယ် သိပါပြီ.. မင်းလုပ်ခိုင်းသမျှ ငါအကုန်လုပ်ပေးမယ်.. တောင်းပန်ပါတယ်.. ငါက အမှိုက်ပါ.. ငါ အကြိမ်တစ်သောင်းလောက် သေထိုက်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်.. ဒါပေမယ့် ငါ့ကို အသက်ရှင်ခွင့်ပေးပါ။ မင်းအတွက် ငါ ဘာမဆိုလုပ်မယ်။ ကျေးဇူးပြုပြီး.."

"အရေခွံတွေ ခွာပြီး အရွတ်တွေ ထွက်လာတာ ဘယ်လိုခံစားရလဲ သိချင်လား"

ခဲ့ရွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မဟုတ်ဘူး.. မသိချင်ဘူး!"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now