Ch 56: Why Flushing

8.8K 1.4K 33
                                    

(Unicode)

Chapter-56 Why Flushing

"မလုပ်နဲ့.. မင်းက ငယ်သေးတယ်။ ငါ့တာဝန်သာ ထားခဲ့လိုက်ပါ။ ငါတစ်ယောက်တည်း လုပ်နိုင်တယ်။ မင်းရဲ့ စွမ်းအင်ကို ချွေတာဖို့ ထိုင်ပြီး အနားယူနေလိုက်.. မဟုတ်ရင် မင်း အပြင်မထွက်ခင် သေသွားလိမ့်မယ်.. ဘယ်လောက် ဆုံးရှုံးလိုက်မလဲ!"

စစ်ယွိဟန်သည် ခြောက်သွေ့သွားသည်ဟု ခံစားလိုက်ရသည်။
"ကျွန်တော်.. ကျွန်တော်ကူညီနိုင်တယ်"

"မလိုပါဘူး" ခဲ့ရွမ်က နောက်ပြန်လှည့်မကြည့်ပေ။

အချိန်တွေ ဘယ်လောက်မှန်းမသိ ကြာလာခဲ့သည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏ အဖြူရောင်ဝတ်ရုံ အုန်းခွံရောင်ပြောင်းသွားသည်ကို ကြည့်လိုက်သည်။ ခဲ့ရွမ်၏ လက်ချောင်းများ စုတ်ပြတ်နေပြီဖြစ်သည်ကို သူသိသည်။ သူ့မျက်လုံးများ နီရဲသွားသည်။ ဟုတ်တယ်၊ လူတွေဟာ ရှင်သန်ဖို့အတွက် အကန့်အသတ်မဲ့ အကြံဥာဏ်တွေ အမြဲတမ်း ထွက်ပေါ်လာကြတယ်။

ညသို့ ရောက်ရှိလာသည်။ အပူချိန်က တစထက်တစ ကျဆင်းလာတယ်။ ခဲ့ရွမ်လည်း ဒီပြဿနာကို သဘောပေါက်ခဲ့သည်။ သူ တစ်နေ့တွင် လှေကား ဆယ်ထစ်ကျော် ဆောက်နိုင်သည်ဟု ယူဆရသည်။ အခြေအနေမှာ အကန့်အသတ်ရှိသောကြောင့် လှေကားများ၏ အမြင့်သည် သာမန်လှေကားများနှင့် မတူနိုင်ပါ။ တတ်နိုင်သမျှ မြင့်အောင်သာ ကြိုးစားခဲ့သည်။ ဤသို့ လုပ်ခြင်းအားဖြင့် မနက်ဖြန်တွင် အပြီးသတ်နိုင်မည် ဖြစ်သည်။
သိပ်ကောင်းတယ်!

သူက စစ်ယွိဟန်ကို သူ့ရင်ခွင်ထဲ ထည့်ပြီး အားပျော့စွာ ပြောလိုက်သည်။
"ရှောင်ဟန်.. မနက်ဖြန်.. မနက်ဖြန် ထွက်သွားလို့ရပြီ"

နှစ်ရက်ကြာအောင် ရေမသောက်ရ‌သောကြောင့် ခဲ့ရွမ်သည် ရေဆာပြီး လည်ချောင်းနာသည်ဟု ခံစားရသည်။

သူ ဘယ်လောက် ကံမကောင်းလိုက်သလဲ!

မျက်လုံးမှိတ်ထားရင်း ခဲ့ရွမ်သည် စစ်ယွိဟန်၏ ချောင်းဆိုးသံကို ကြားလိုက်ရသည်။ မျက်လုံးကို ချက်ချင်းဖွင့်ပြီး သူ့လက်ထဲက ကောင်လေးကို စစ်ဆေးလိုက်၏။ ရေမသောက်ရတာကြောင့် နှုတ်ခမ်းတွေ ပါးလာပြီး ကွဲအက်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now