Ch 115: မတရားမှုအား ဖြေရှင်းခြင်း/မတရားမႈအား ဖြေရှင်းခြင်း

5.8K 913 7
                                    

(Unicode)

လူတော်တော်များများက သူတို့ရဲ့လက်နက်တွေကို ချထားပြီး ဒူးထောက်လိုက်ကြသည်။

"မင်းတို့ လက်နက်တွေ ပြန်ယူကြစမ်း.. ဘာလုပ်နေကြတာလဲ? ထကြစမ်း!"

လိန်ကျန်းက ဒေါသတကြီးဟောက်လိုက်သည်။ သို့သော် ဤနည်းဖြင့် သူ့လည်ပင်းရှိဓားသည် ပို၍နက်ရှိုင်းစွာ နစ်မြုပ်သွားလေရာ သွေးများ ပိုမိုစီးကျလာခဲ့သည်။

"အမတ်ချုပ်.. ခင်ဗျား အမှန်တရားကို ဝန်မခံချင်သေးဘူးလား"

ဒူးထောက်သူတွေ တဖြည်းဖြည်း ပိုများလာ၏။

လိန်ကျန်း၏ နောက်လိုက်အရာရှိများသည် ကြောက်လန့်တကြား ဖြစ်နေကြသည်။ သူတို့ရဲ့ ပျော်ရွှင်မှုကနေ ပြန်မထမြောက်နိုင်ခင်မှာ ဝမ်းနည်းပူဆွေးတဲ့ အခြေအနေကို ပြန်ရောက်သွားကြသည်။

သူတို့သည် အခု ရှုံးနိမ့်နေ၏။

ထို့ကြောင့် ကြောက်လန့်တကြား မြေပြင်ပေါ်တွင် ဒူးထောက်လျက် အဆက်မပြတ် တုန်လှုပ်နေကြသည်။

"အရှင်မင်းကြီး..အမတ်ချုပ်.. မဟုတ်သေးဘူး ဒီလူယုတ်မာ လိန်ကျန်းက ကျွန်တော်မျိုးတို့အားလုံးကို လှည့်စားခဲ့တာ.. ကျွန်တော်မျိုးတို့ ပုန်ကန်ဖို့ ဘယ်တုန်းကမှ မကြိုးစားဖူးဘူး"

"အရှင်မင်းကြီး.. ကျွန်တော်မျိုးတို့ကို အခွင့်အရေး ပေးတော်မူပါ။ ကျွန်တော်မျိုးတို့ အတင်း ခိုင်းစေခံရတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
......

တခဏမျှ ထိုလူတွေရဲ့ အသံဟာ ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။

လင်ချင်းယဲ့က ရယ်မောလိုက်သည်။ ဒီလူတွေက အခြေအနေနဲ့အညီ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ တကယ်သိကြ၏။ အဲဒီအချိန်တုန်း ခဲ့ရွမ်က သူတို့ကို အခွင့်အရေးပေးခဲ့သည်။ သူတို့ဝန်ခံလိုစိတ်ရှိသရွေ့ သူတို့ကို ကာကွယ်ပေးမည်။

သို့သော် နောက်ဆုံး၌ သူတို့အားလုံးက သူ့ကို သစ္စာဖောက်သွားကြ၏။

ခဲ့ကျန်းသည် ဤအမတ်များကို ကြည့်ကာ စိတ်ပျက်သွားသည်။

"သူတို့ကို ကျုပ်ဆီပြန်ပေးပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပါစေ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now