8K 1.3K 12
(Unicode)
"သူက လူကောင်းတစ်ယောက်လို မဟုတ်ဘူး"
ခဲ့ရွမ်သည် မရှုံ့ချဘဲ မနေနိုင်ပေ။ ခရိုင်မှူးကို ပထမအကြိမ်တွေ့တော့ သူ့ပုံစံနဲ့ သူ့မျက်နှာကို ရွံရှာသလို ခံစားခဲ့ရသည်။ နောက်ဆုံးတော့ သူက လူယုတ်မာဆိုတာ ပေါ်လာလေပြီ။
ချီချန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
ဟုတ်တာပေါ့ အဲဒီ့လူယုတ်မာ‌ကြောင့်သာ မဟုတ်ရင်၊ သူ့အစ်ကိုချင်းယဲ့က သူ့ကို ခြွင်းချက်မရှိ ယုံကြည်ပါလိမ့်မည်။
ခဲ့ရွမ်က ဉာဏ်ရှိစွာဖြင့် နှုတ်ပိတ်လိုက်၏။
ချီချန်သည် အနီးနားရှိ အဘိုးအိုတစ်ဦးနှင့် မိန်းကလေး တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူမကလှပပြီး ချစ်စရာကောင်းကာ တကယ့်ကို ရှားမှရှား အလှလေး တစ်ယောက်ပင်။
"ယွီလျောင်းခရိုင်က ဒေသခံ အာဏာရှင်တစ်ယောက်က သူ့သမီးကို လိုချင်ပေမယ့် သူက သဘောမတူဘူး။ အဲဒီ အာဏာရှင်က မိန်းကလေးကို လုယူသွားတဲ့အတွက်
အဘိုးအိုက သူ့ကို တရားစွဲတယ်။ ဒါပေမယ့် ခရိုင်မှူးလီခန်းက သူ့ရဲ့ လာဘ်ထိုးခြင်းကို ခံခဲ့ရပြီး အဘိုးအို သူ့သမီးကို ပြန်ရဖို့ မကူညီပေးခဲ့ဘူး။ အဲဒီအစား သေလုနီးပါးဖြစ်နေတဲ့ အဘိုးအိုကို ရိုက်နှက်ဖို့ အာဏာရှင်ကိုတောင် ခွင့်ပြုခဲ့‌သေးတယ်"
ထို့နောက် သက်ကြီးရွယ်အို လင်မယားကို ညွှန်ပြသည်။ ခဲ့ရွမ်သည် သူတို့ဟာ အခြားသူများထက် ပိုသပ်ရပ်ပြီး ကောင်းမွန်သောအဝတ်အစားများကို ၀တ်ထားသောကြောင့် ကောင်းမွန်သောဘဝတစ်ခုကို ဦးဆောင်ခဲ့ဖူးကြောင်း သိလိုက်သည်။
"သူတို့က ယွီလျောင်းခရိုင်မှာ အိမ်တော်တစ်ခုကို ပိုင်တယ်။ သူတို့က အာဏာရှိသူများကို မခစားခဲ့သလို လီခန်းကိုလည်း လာဘ်မထိုးခဲ့ဘူး။ အဲဒါကြောင့် လီခန်းက ဆင်ခြေပေးပြီး သူတို့ ပစ္စည်းဥစ္စာကို လုယူတယ်။ သူတို့ကို ရာဇ၀တ်ကောင်တွေလို့တောင် စွပ်စွဲခဲ့သေးတယ်"
ချီချန်က လူတော်တော်များများကို ပြောခဲ့ပြီး ခဲ့ရွမ်သာ ချီချန်ရဲ့စကားကို ဆက်နားထောင်မယ်ဆိုရင် လီခန်းကို ချက်ချင်း ပြေးသတ်မိ‌တော့မည် ဖြစ်သည်။ ဒါက ခရိုင်မှူးတစ်ယောက် လုပ်သင့်တဲ့အရာလား?
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now