Ch 114: သခင်ကို အရင်ဖမ်းပါ/သခင္ကို အရင္ဖမ္းပါ

5.9K 939 12
                                    

(Unicode)

"အမတ်ချုပ်.. ဘာတွေအလျင်လိုနေတာလဲ"
အပြုံးတစ်ခုအတူ အသံတစ်ခုထွက်လာသည်။

လိန်ကျန်း၏ စိတ်ထဲတွင် သတိ‌ပေးသံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ? ဆင်းလာခဲ့စမ်း.. ဖုံးကွယ်ဖို့ ကြိုးစားမနေနဲ့။"

"ဟမ့်!"

စိမ်းပြာရောင်ပုံရိပ်တစ်ခု ခုန်ဆင်းလာခဲ့သည်။

"လင်ချင်းယဲ့.. မင်းအသက်ရှင်နေသေးတာလား"

လိန်ကျန်းသည် အန္တရာယ်ရှိစွာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

လင်ချင်းယဲ့က ခနဲ့လိုက်၏။

"ကျုပ်တို့ အမတ်ချုပ်ကြီးက အသက်ရှင်နေသေးတာကို ကျုပ်က ဘယ်လိုလုပ် အရင်သေနိုင်မှာလဲ"

လိန်ကျန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"မင်း အသက်ရှင်နေသေးတာကို တွေ့ရတာတော့ အံ့သြစရာပဲ။ ဒါပေမယ့် မင်းက အခု ဒါမှမဟုတ် နောက်တော့ သေရမှာပဲ။ မင်းအသက်ရှင်နိုင်ခဲ့ပေမယ့်.. ဒီကိုလာပြီး သေဖို့ကို ရွေးချယ်ခဲ့တယ်.. ဒါကြောင့် ကျုပ်ကို အပြစ်မတင်နဲ့"

"အမတ်ချုပ်.. ဒီလောက်မောက်မာမနေပါနဲ့"
သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေသော်လည်း သူ့မျက်လုံးများတွင် အေးစက်မှုအရိပ်အယောင်များ ရှိနေသည်။

"စစ်သည်တွေ သူ့ကိုသတ်ကြစမ်း!" လိန်ကျန်းက အမိန့်ပေးလိုက်သည်။

ဘယ်သူမှ မလှုပ်ပေ။

လိန်ကျန်းသည် ဘုန်းတော်ကြီးများကို ရုတ်တရက် ကြည့်လိုက်သည်။ သူသည် ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ထပ်ခါတလဲလဲ ပြောလိုက်သည်။

လင်ချင်းယဲ့က ပြုံးလျက် ပြော‌လိုက်၏။

"အမတ်ချုပ်.. ခင်ဗျား ဒါစကားကို တစ်ခါမှ မကြားဖူးဘူးလား.. 'ဓားခုတ်ကောင်က သူ့နောက်က ငှက်ဝါကို သတိမထားမိဘဲ ပုစဉ်းရင်ကွဲနောက်ကို လိုက်နေခဲ့တယ်' ဆိုတာလေ"

လိန်ကျန်း၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။

"မင်း..."

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now