Ch: 28 (U+Z)

10K 1.6K 9
                                    

Unicode

Chapter-28 အစီအစဉ်ပြောင်းလဲခြင်း။

ချင်းနျန်က စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။
"ဒါဆို ရှင်ဘယ်သူကိုရှာနေတာလဲ?"

"ငါရှာနေတဲ့ကောင်လေးကို ဝမ်တကျားက ပြန်ပေးဆွဲသွားတယ်လို့ မင်းရဲ့သမီးကပြောတယ်.. သူက ဒီကိုခေါ်လာတယ်တဲ့.. ဒါနဲ့ သူတို့ကို ထားတဲ့နေရာကို မင်းသိလား"

ချင်းနျန် ခေါင်းညိတ်လိုက်သည်။ သူမ သေချာပေါက် ‌သိတာပေါ့။ သူ့ကိုလည်း ဝမ်တကျားက ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပင်။

သိပ်ကောင်းတယ်!သူမ သိတယ်တဲ့!

ခဲ့ရွမ်က ပြောလိုက်သည်။
"ငါ့ကို အဲဒီနေရာကို ခေါ်သွားပေးလို့ရမလား"

ချင်းနျန်က ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့.. ဒါပေမယ့် တစ်ခုတော့ရှိတယ်"

သူမက မဝံ့မရဲ ခေါင်းငုံ့လိုက်၏။ အပြင်မှာစောင့်နေတဲ့ လူနှစ်ယောက်ရှိသည်။ ဥယျာဉ်ပိုင်ရှင်မိန်းကလေးက အဲဒါတွေအားလုံးကို ခဲ့ရွမ်က တောင်းဆိုခဲ့သည်ဟု ပြောခဲ့သည်။ သူမ လိမ်နေသည်မှာ ထင်ရှားပေသည်။ ခဲ့ရွမ်က ထိုသို့မလုပ်ခိုင်းသည့်အပြင် တစ်စုံတစ်ယောက် ကို ကယ်တင်ဖို့ ဒီနေရာကိုလာခဲ့ခြင်းပင် ဖြစ်ချေသည်။ ဒါကြောင့် သူ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေသူ တစ်ယောက် ရှိကိုရှိရမည်။

"အဲဒါကဘာလဲ"

ထို့နောက် ချင်းနျန်က ခဲ့ရွမ်ကို သူတို့သခင်မ ဘာလုပ်ခိုင်းကြောင်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရာ ခဲ့ရွမ်တစ်ယောက် အေးခဲသွားခဲ့သည်။ သူ မူးယစ်နေတဲ့အချိန် အပြင်မှာစောင့်နေတဲ့ လူနှစ်ယောက်က ဘာလုပ်မလဲဆိုတာကို စဉ်းစားမိတော့ တုန်လှုပ်သွားသည်။ သူတို့ဘာလုပ်ကြမှာလဲ?သူစိတ်ကူးတောင်မယဉ်ကြည့်နိုင်ဘူး!

သူ တံ‌တွေးမျိုချလိုက်ပြီး စားပွဲပေါ်ရှိ အရက်ကို ကြည့်လိုက်သည်။ သေစမ်း! သူ့ရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုကြောင့်သာမဟုတ်ရင် အခုအချိန်မှာ သူ့ရဲ့ လူပျိုဘ၀ကို ဆုံးရှုံးရပါလိမ့်မယ်။

ဘဝက ချီးလိုပဲ!

"သခင်လေး.. ကျွန်မတို့ အခုဘာလုပ်သင့်လဲ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now