Ch 160: မညီမျှသော သဘောတူညီချက်/မညီမွ်ေသာ သေဘာတူညီခ်က္

12K 1.1K 46
                                    

(Unicode)

"ထွက်သွားကြ"

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်.. ကျေးဇူးတင်ပါတယ်"

မှော်ဆန်စွာပင် ကိုယ်လုပ်တော်များအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြ၏။

"ပစ္စည်းယူလာခဲ့"

ဘာပစ္စည်းလဲ?

အဲဒါဘာကြီးလဲ?

ခဲ့ရွမ် စစ်ယွိဟန်ကို ကြည့်လိုက်သည်။ သူမမေးခင်မှာပင် သူ့မေးခွန်း၏အဖြေကို ရလိုက်လေသည်။ လျှို့ဝှက်အစောင့် တစ်ဦးသည် ကျောက်စားပွဲပေါ်တွင် ဧကရာဇ်အမိန့်စာကို လာချပေးလေသည်။

"ဧကရီ.. ကြည့်ပါအုံး"

ခဲ့ရွမ်သည် ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့၏။ ဒီကောင်က တကယ်ပဲ...

"ဘယ်လိုလဲ.. မင်း ရှင်းရှင်းလင်းလင်း မြင်ရဲ့လား"
စစ်ယွိဟန်သည် သူ့နားကို တိုးကပ်လိုက်ပြီး ပြောလိုက်၏။

"ဧကရီတစ်ပါးအ‌နေနဲ့ မင်းလုပ်ရမယ့်အရာတွေ၊ ရှောင်ရမယ့်အရာတွေကို ရေးထားတယ်"

ခဲ့ရွမ်သည် ထိုနေ့တွင် စစ်ယွိဟန်သည် သူ့အား ဧကရီဖြစ်လိုကြောင်းသာသိခဲ့ပြီး မှင်တက်သွားခဲ့သည်။ ထို့ကြောင့် သူသည် အခြားအကြောင်းအရာများအား သေချာမဖတ်ခဲ့မိသလို ဂရုလည်းမစိုက်မိခဲ့ပေ။

ယခု စစ်ယွိဟန် ထပ်ပြောလာသည့်အခါ ခဲ့ရွမ်သည် ခံစားချက် မကောင်းတော့ပါချေ။

"ဘာဖြစ်လို့လဲ ဧကရီ? မင်းကိုယ်တိုင်ဖတ်ချင်တာလား ဒါမှမဟုတ် ကိုယ်မင်းကို ဖတ်ပြပေးစေချင်တာလား"

"ငါကိုယ်တိုင်ဖတ်မယ်.. ငါကိုယ်တိုင်ဖတ်မယ်"

ခဲ့ရွမ်သည် အမိန့်စာကိုကောက်ယူပြီး သေသေချာချာ ဖတ်ရန် ပြင်လိုက်လေသည်။ သို့သော် ပထမ စာကြောင်းကို ဖတ်ပြီးသောအခါ အံအားသင့်သွားရ၏။

"မင်းငါ့ကိုနောက်နေတာလား?" သူ စစ်ယွိဟန်အား လှည့်ကြည့်လိုက်သည်။

ခဲ့ရွမ်သည် ၎င်းဟာ စာရွက်အပိုင်းလေးတစ်ခုသာ ဖြစ်သည်ကို မှတ်မိသေးလေသည်။ သို့ရာတွင် ယခု၌မူ ၎င်းသည် အမိန့်စာတစ်စောင် ဖြစ်လာခဲ့လေ၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now