Ch: 14 (U+Z)

11.9K 1.8K 20
                                    

Unicode

Chapter-14 လုပ်ကြံသတ်ဖြတ်သူ။

"ဒါဆို သေဖို့ အသင့်ပြင်ထား။"
ထိုလူရဲ့အမိန့်အရ အနောက်ကလူတွေက
သူတို့ဆီ ချက်ချင်း ပြေးလာကြ‌၏။

"အိုး..မင်းတို့ ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"
လင်ချင်းယဲ့က လှောင်ပြောင်ပြီး ပြောလိုက်သည်။

"သခင်လေးကို ကာကွယ်ကြ"

"ဟုတ်ကဲ့!"

သူတို့က လူအများကြီးမခေါ်လာသော်လည်း ပါလာတဲ့လူ အားလုံးက အရမ်းထက်မြက်ကြသည်။

ခဲ့ရွမ်သည် သူတို့နှင့် တိုက်ခိုက်ရန် ကြံစည်ထားသော်လည်း သူ့အကူအညီပင် မလိုတာကြောင့် စစ်ယွိဟန်နှင့်အတူ ဘေးကရပ်ကြည့်နေခဲ့သည်။

စစ်ယွိဟန်သည် ခဲ့ရွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် "ဓားပြများ" ဟုခေါ်သော လူများကိုကြည့်ကာ သူ့မျက်လုံးများသည် နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ် သွားခဲ့သည်။

ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ! မီးတောက်နီတိုင်းပြည်အတွင်းမှာတောင် ခဲ့ရွမ်ရဲ့ အသက်ကို ယူဖို့ကြိုးစားနေတဲ့သူတွေ အများကြီးရှိတယ်။

"ဟန်..စစ်သူကြီးလင်က အရမ်းသန်မာတယ် မဟုတ်လား" လင်ချင်းယဲ့ကိုကြည့်ရင်း ခဲ့ရွမ်၏မျက်လုံးများသည် တောက်ပနေခဲ့သည်။

'မင်မင်းဆက်၏ဧကရာဇ်' စာအုပ်တွင် ခဲ့ရွမ်သည် စစ်ယွိဟန်ပြီးရင် စစ်သူကြီးလင်ချင်းယဲ့ကို အလေးစားဆုံးဖြစ်သည်။ လင်ချင်းယဲ့သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စစ်သူကြီးဖြစ်လာခဲ့ပြီး မိသားစုတစ်ခုလုံးကို သူတစ်ယောက်ထဲ ပံ့ပိုးပေးခဲ့သည်မှာ အလွန်လေးစားစရာ ကောင်းပေသည်။

ကံမကောင်းစွာဖြင့်...

ဒါကိုတွေးရင်း ခဲ့ရွမ် သက်ပြင်းချလိုက်၏။

ဘာပဲဖြစ်ဖြစ် ယွီလျောင်းခရိုင်မှာ လင်ချင်းယဲ့ သေဆုံးခြင်းမှ ကာကွယ်ရမည်။

စစ်ယွိဟန်က အသံတိတ်ရယ်မောလိုက်သည်။
သူက သန်မာပြီး အစွမ်းထက်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ နောက်ဆုံးတော့လဲ သေဆုံးရမှာပင် ဖြစ်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now