Ch: 6 (U+Z)

14K 2K 55
                                    

Unicode

Chapter-6 ရထားလုံးပေါ်၌ အတူတူထိုင်ခြင်း။

လင်ချင်းယဲ့က ခနတိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"အရှင့်သား..သင်ပြောခဲ့တဲ့ စကားတွေကို မှတ်မိနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ခဲ့ရွမ် ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
"သေချာတာပေါ့!"

"ခဲ့ရွမ်" သိမ့်မွေ့နူးညံ့သောအသံသည်
တံခါးပေါက်မှ ထွက်ပေါ်လာ၏။

ခဲ့ရွမ် လှည့်ကြည့်လိုက်တော့ ဧည့်သည်ရောက်နေတာကို တွေ့လိုက်ရသည်။ သူခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။
"မယ်တော်"

လင်ချင်းယဲ့လည်း ဦးညွှတ်လိုက်၏။
"အရှင်မ"

"စစ်သူကြီးလင်လဲ ဒီကိုရောက်နေတာပဲ...
ငါခန့်မှန်းမိသလောက်တော့ မင်းက ငါ့ရဲ့အသုံးမကျတဲ့ သားအတွက်လာတာပဲဖြစ်ရမယ်"
ထိုသို့ပြောလိုက်သော်လည်း သူမရဲ့ နူးညံ့တဲ့အသံမှာ ကဲ့ရဲ့မှုတွေမပါဝင်ပါချေ။

ခဲ့ရွမ် သူမကိုကြည့်လိုက်သည်။ သူမသည် အပြာရောင် လိပ်ပြာလေးများဖြင့် ခြယ်လှယ်ထားသော အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ လေပြည်နဲ့အတူ အဖြူရောင်ဂါဝန်ကြိုးစဟာ နူးညံ့သိမ်မွေ့စွာ လွင့်မြောနေပြီး ပိုးသားလေးလို နူးညံ့ ပျော့ပျောင်းနေသော သူမဆံနွယ်တို့သည်
ပုခုံးထက်၌ ပြန့်ကျဲနေလေသည်။

သူမသည် ဖြူဖွေးစင်ကြယ်သော မျက်နှာရှိပြီး အသားအရေကလဲ နူးညံ့သိမ်မွေ့၏။
မျက်ခုံးအောက်က သူမရဲ့မျက်ဝန်းတွေသည် ကြယ်လေးတွေလို တလက်လက်တောက်ပလျက် ရှိသည်။

သူမရဲ့ နူးညံ့ပျော့ပျောင်းသော နှာတံဆင်းဆင်းလေး အောက်တွင် နှုတ်ခမ်းပါးပါးလေး တစ်ခုတည်ရှိ၏။
သူမ၏ နှုတ်ခမ်းထောင့်လေးတွင် အပြုံးတစ်ခုက တွဲခိုနေလေသည်။

သူမသည် ကောင်းကင်ဘုံက လှပတင့်တယ်သော
နတ်သမီးတစ်ပါးကဲ့သို့ပင် လောကီရေးရာတွေနဲ့ ဘာမှမဆိုင်သယောင်ယောင်။ ထူးကဲစွာ လှပတင့်တယ်ပြီး မြင့်မြတ်စင်ကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်လျက်ရှိသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now