Ch: 5 (U+Z)

14.8K 2.1K 8
                                    

Unicode

Chapter-5 ယွီလျောင်းခရိုင်သို့ အလည်တစ်ခေါက်။

ခဲ့ရွမ်သည် လင်ချင်းယဲ့၏မျက်လုံးထဲမှ ထိတ်လန့်မှုကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ်စိတ်ကျေနပ် မိသွားသည်။

"အရှင့်သား.."

ခဲ့ရွမ်က ခေါင်းညိတ်ပြီးပြောလိုက်သည် ။
"နောက်ကျနေပြီ...ဘာကိစ္စရှိလို့လဲ"

"မနက်ဖြန်ကျရင် ကျွန်တော်မျိုး ယွီလျောင်းခရိုင်ကို ထွက်ခွာရမယ်။ အရှင့်သားကို ကာကွယ်ဖို့အတွက် ကျွန်တော်မျိုးရဲ့ အ‌တော်ဆုံးလူယုံကို လွှတ်လိုက်ပါ့မယ်
အရှင့်သား ဘာမှစိတ်ပူနေစရာမလိုပါဘူး"

ငါ့ကို ကာကွယ်မယ် ?

နောက်ဆုံးတော့ ခဲ့ရွမ်ဟာ လင်ချင်းယဲ့ သူ့နောက်ကို တကောက်ကောက်လိုက်နေတာ သူ့ကိုကာကွယ်ဖို့မှန်း သဘောပေါက်တော့သည်။ ဒါပေမယ့် တော်ဝင်နန်းတော်လို လုံခြုံတဲ့နေရာမှာ ဘာလို့ ကာကွယ်ဖို့ လိုနေသေးတာလဲ ?

နေပါအုံး!

ယွီလျောင်းခရိုင်?

"စစ်သူကြီးလင်...သင်ဘာပြောလိုက်တာလဲ"
ခဲ့ရွမ် သူလွတ်သွားတဲ့နေရာကို ထပ်မေးလိုက်သည်။

လင်ချင်းယဲ့က လျှောက်တင်လိုက်သည်။
"ယွီလျောင်းခရိုင်ရဲ့ တရားသူကြီးက တောင်ဓားမြတွေ ရှိနေတယ်လို့ အစီရင်ခံစာပို့လာတယ်။ အဲဒါကြောင့် ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးကို သွားဖြေရှင်းဖို့ အမိန့်ချမှတ်လိုက်တာပါ"

ခဲ့ရွမ် တံတွေးမျိုချလိုက်သည်။ ခဲ့ရွမ် စာအုပ်ထဲက အကြောင်းတွေကို ပြန်စဉ်းစားလိုက်တဲ့အခါ ဒီလို ဇာတ်ကွက်မျိုးရှိနေတာကို သတိရလိုက်သည်။ စာအုပ်ထဲမှာ ပြောထားတာက မူလခဲ့ရွမ်က
လင်ချင်းယဲ့ ယွီလျောင်းခရိုင်ကိုသွားပြီး တောင်ဓားပြတွေကို နှိမ်နင်းမယ်ဆိုတဲ့အကြောင်း သိတဲ့အခါ မူလခဲ့ရွမ်သည် ဧကရာဇ်မင်းမြတ်နှင့် အမတ်များ၏ ပြင်းထန်သော ကန့်ကွက်မှုများကြားမှ မင်းသားအားလုံးကို မရမက ခေါ်ဆောင်သွားလေသည်။

ပိုဆိုးတာက ထိုနေရာမှာ လင်ချင်းယဲ့ဟာ
အသက်မရှင်ခဲ့ပေ။ တိုင်းပြည်တစ်ခုလုံးက သူ၏ သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲခဲ့ကြသည်။ မရေမတွက်နိုင်သော ရန်သူများကိုအနိုင်ယူခဲ့ကာ သိုင်းပညာမှာ ဆရာတစ်ဆူဖြစ်သော ထက်မြက် ရဲရင့်သည့်စစ်သူကြီးသည် တောင်ဓားပြတွေထံမှာ အသတ်ခံလိုက်ရ၏။ မင်းသားလေး ခဲ့ရွမ်ကမူ ခြစ်ရာတစ်ခုပင်မရှိဘဲ အဆုံးတွင် ဧကရာဇ်မင်းမြတ် စေလွှတ်လိုက်သော စစ်သည်တော်များထံမှ ကယ်တင်ခြင်းခံလိုက်ရလေသည်။ ဤသည်ကို မည်သူကမှ နားမလည်နိုင်ခဲ့ကြပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now