Ch 59: Are You Gonna Be My Brother?

9.1K 1.5K 71
                                    

(Unicode)

Chapter-59 Are You Gonna Be My Brother?

လင်ချင်းယဲ့က ခေါင်းညိတ်လိုက်ပြီး သူ့ကို သယ်ဆောင်ကာ စစ်ယွိဟန်ရဲ့ အိပ်ယာဘေးမှာ ချပေးလိုက်သည်။

"လမ်းလျှောက်မနေနဲ့.. ကျွန်တော်ပြန်လာတာကို စောင့်ပါ"

ခဲ့ရွမ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်ချင်းယဲ့က မုတ်ဆိတ်မွှေးနဲ့လူနဲ့အတူ ထွက်သွားလေသည်။

ခဲ့ရွမ် လှည့်ကြည့်လိုက်တော့ စစ်ယွိဟန်ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေကို တိုက်ဆိုင်စွာ တွေ့လိုက်ရ၏။ သူသည် တောင့်တင်းသွားပြီး အဘယ်ကြောင့် မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့သွားသလဲဆိုတာ မသိပေ။

"အဆင်ပြေရဲ့လား" စစ်ယွိဟန်က မေးလိုက်သည်။

သူတို့ပြန်လွတ်လာပြီးကတည်းက စစ်ယွိဟန်က ခဲ့ရွမ် အနားမှာပဲ နေချင်ခဲ့သည်။ သို့သော် သူ့လက်ရှိ အနေအထားနဲ့ မတတ်နိုင်ပေ။ ထို့ကြောင့် ညသန်းခေါင်မှာ ဘယ်သူမှ မသိအောင် သူ့ကိုသွားတွေ့ဖို့ပဲ တတ်နိုင်ခဲ့လေသည်။

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။
"ငါအဆင်ပြေပါတယ်။ ဟန်.. ငါတို့ သိပ်ကံကောင်းတာပဲလို့ မထင်ဘူးလား.. ငါတို့က အသက်ရှင်ကျန်ရစ်သူတွေပဲ"

စစ်ယွိဟန်က ခေါင်းညိတ်ပြီး သူ့ကို ပြုံးပြလိုက်သည်။ ခဲ့ရွမ်သည် ဇာတ်လိုက် ပြုံးလိုက်သောအခါတွင် နတ်သားလေးနှင့် တူကြောင်း သိလိုက်ရသည်။ အလွန်ချစ်စရာကောင်း၏။ သူသည် စစ်ယွိဟန်၏ မျက်နှာအား ထိချင်စိတ်ကို ဖိနှိပ်လိုက်သည်။ အဲဒီအစား သူ့ဆံပင်တွေကိုသာ ပွတ်သပ်ပေးလိုက်၏။

"ငါ့ရဲ့ ရှောင်ဟန်"

စစ်ယွိဟန်က ပိုပြုံးပြီး သူ့ခါးကို ဖက်ထားလိုက်သည်။ ထို့‌နောက် ရင်ခွင်ထဲမှ ခေါင်းထောင်ကြည့်ကာ အသံတိုးတိုးနဲ့ ပြောလိုက်၏။

"ဒါကျွန်တော့်ရဲ့ ကံကြမ္မာပဲ"

ခဲ့ရွမ်က သူဘာတွေပြောနေတာလဲ မကြားလိုက်ပေ။ သူက မျက်မှောင်ကြုတ်ပြီး ထပ်မမေးဖို့ ဆုံးဖြတ်လိုက်သည်။ ညက တိတ်ဆိတ်ပြီး အရမ်းလှပတာကြောင့် ဒီလေထုကို မပျက်စီး
မခံနိုင်ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now