Ch: 35 (U+Z)

10.3K 1.5K 8
                                    

Unicode

Chapter-35 သနားစရာကောင်းသော ယွီရှင်း။

စစ်ယွိဟန်က ခေါင်းညိတ်လိုက်ပြီး သူ့ခံစားချက် အားလုံးကို ရုပ်သိမ်းလိုက်သည်။ ဒါက ကြောင်ကို စိတ်ကျေနပ်စေသည့် ကြွက်ကိုဖမ်းရန် ကြိုးစားသည့် လုပ်ငန်းစဉ်ဖြစ်သည်။ သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

"ကျွန်တော် ဗိုက်ပြည့်ပြီ"

ခဲ့ရွမ်သည် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်မှုကို မျိုသိပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် စစ်ယွိဟန်က အဲဒီတောင်ဓားပြတွေကို ဖယ်ရှားပြီးနောက် နန်းတော်ပြန်ရောက်တဲ့အခါ ပြဿနာဖြစ်မှာမဟုတ်ပေ။

ခဲ့ရွမ်က သူ့ရှေ့မှာ ထိုင်ချလိုက်သည်။
"တက်တော့"

စစ်ယွိဟန်သည် ဤအရာကို ကျင့်သားရနေပြီဖြစ်၍ သူ့နောက်ကျောသို့ တန်းတက်လိုက်သည်။

"ဟန်.. မင်းလုပ်ချင်တာတစ်ခုရှိလား ဒါမှမဟုတ်  မင်းအိပ်မက်ကဘာလဲဆိုတာ ငါသိလို့ရမလား"

ခဲ့ရွမ်က မေးလိုက်သည်။ ရှစ်နှစ်အရွယ်ကလေးက လေးလံမှုမရှိသင့်ပေမယ့် သူ့ကျောပေါ်မှာရှိတဲ့ ကောင်လေးက ချည်အိတ်နဲ့တူသည်။

သူလုပ်ချင်တာတစ်ခုခု?

စစ်ယွိဟန်က သူ့မေးစေ့ကို လက်နဲ့ထိလိုက်တာကြောင့် သူ့ကို အရွယ်ရောက်ပြီး ကလေးဆန်တဲ့ ပုံပေါက်စေသည်။ လောလောဆယ် သူအလုပ်ချင်ဆုံး အလုပ်က သူ့ကိုသယ်လာတဲ့သူကို သတ်ပစ်ဖို့ပင်။

ဒါဆို မင်း ဘယ်လိုလုပ်မလဲ?

"ကျွန်တော့် အိမ်မက်?" သူက ထပ်ခါတလဲလဲ ရေရွတ်နေပြီးနောက် မေးလိုက်သည်။

"အဲဒါကို ဖြစ်မြောက်အောင် ကူညီပေးမှာလား"

ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။ "အင်း!"

သူနောက်ဆုံးမှာ ဆိုးဆိုးဝါးဝါး မသေဖို့အတွက် ဒီလောင်လေး သူ့အပေါ် အကောင်းမြင်အောင် ဘာမဆိုလုပ်မှာပင်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏ မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း သူ၏အသံနှင့် အပြုအမူကို ကြည့်ပြီး ခဲ့ရွမ်သည် ၎င်းကို အမှန်တကယ် ဆိုလိုကြောင်း သူသိသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now