7.1K 972 12
Unicode
"ပြီးပါပြီ.. အရှင်မင်းမြတ် အခု တရားရုံးကို သွားလို့ရပါပြီ" ခဲ့ရွမ်သည် ဤစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော စစ်ယွိဟန်အား အဝေးသို့လွှတ်ရန် စိတ်မရှည်တော့ပေ။
စစ်ယွိဟန်သည် ခက်ခက်ခဲခဲ ပြုံးနေ‌သော ခဲ့ရွမ်ကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၏။ သူက ပြောလိုက်သည်။
"အချစ်လေး.. မနေ့ညက မင်း အလုပ်ကြိုးစားတယ်။ကောင်းကောင်းအနားယူပါ"
ထို့နောက် သူသည် လှည့်ထွက်သွားတော့၏။
ခဲ့ရွမ် "....."
ယခုအချိန်၌ ခဲ့ရွမ်သည် အိပ်ချင်စိတ်ပင် ပျောက်သွားရ၏။
'စစ်ယွိဟန်.. ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ။ သူ တမင်သက်သက်လုပ်တာ! သူငါ့ကို တကယ် ဒုက္ခပေးတာပဲ။ ငါအရမ်းဒေါသထွက်နေပြီနော်!'
ခဲ့ရွမ်သည် ထိုနေရာတွင်ရပ်နေရင်း စိတ်ထဲမှ အော်ဟစ်လိုက်၏။ သူ့အဆင့်အတန်းနှင့် အရည်အချင်းကြောင့်သာ မဟုတ်ပါက သူသည် စစ်ယွိဟန်နောက်လိုက်သွားပီး ခေါင်းကဆွဲကာ မင်းဘာကိုဆိုလိုတာလဲ၊ သေချင်နေပြီလား ဟု မေးလိုက်မှာပင်။
"ဧကရီ.. သင် အနားယူဖို့ လိုသေးလား" နန်းတော်အစေခံသည် ခေါင်းငုံ့ကာ ရှေ့ကို တိုးလာခဲ့သည်။
သေချာပေါက် မလိုဘူး!
ခဲ့ရွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
"မလိုဘူး.. ငါ့အတွက် ရေနည်းနည်း ယူခဲ့"
သူ လုံးဝအိပ်ချင်စိတ်မရှိတော့ပေ။
ဆေးကြောသုတ်သင်ပြီးနောက် ခဲ့ရွမ်သည် ရှောင်လုကျစ်၏လက်ကို အမြန်လှမ်းဆွဲလိုက်၏။
"စစ်သူကြီးလင်နဲ့ ငါ့ညီမတော်ကို စစ်ယွိဟန်က ဘယ်ကိုခေါ်သွားတာလဲ"
စစ်ယွိဟန်သည် ချီချန်အား မျက်နှာသာပေးသည့် အတွက် ချီချန်ရှိနေသ၍ လင်ချင်းယဲ့အတွက် စိတ်ပူစရာမလိုပေ။ သို့သော် သူ့ညီမလေးကရော ဘယ်လိုနေမလဲ? သူမနှင့် မနေ့ကတစ်ကြိမ် တွေ့ပြီးကတည်းက ထပ်မတွေ့ရသေးပေ။ ယခု ခဲ့နွန် ဘယ်လိုနေမလဲ သူမသိရပေ။ ထိုကလေးမသည် သူမမိသားစုနှင့် တစ်ခါမှ မခွဲခွာဖူးသည့်အတွက် ကြောက်နေမှာ သေချာသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now