7.6K 1.2K 19
(Unicode)
"အစ်ကိုချင်းယဲ့"
ချီချန်၏မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးသည် သူ၏ ဖြူဖျော့သော မျက်နှာကို ဖုံးအုပ်ရန် ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် လင်ချင်းယဲ့သည် ချီချန်၏ ဖြူဖျော့နေသော မျက်နှာကို မမြင်နိုင်ပေ။ သို့သော် သူ၏ နာကျင်နေသော မျက်လုံးများက လင်ချင်းယဲ့အား အနည်းငယ် အပြစ်ရှိသလို ခံစားလာရစေသည်။
"အကြီးအကဲ.. ကျွန်တော်တို့ ကူညီပါရစေ"
သူ့လူများက သူသည် လင်ချင်းယဲ့နှင့် ထိပ်တိုက်တွေ့နေမှန်း သိလိုက်သောကြောင့် ခဲ့ရွမ်ကို ကူညီနေခြင်းမှ ရပ်တန့်လိုက်ပြီး အားလုံးက လင်ချင်းယဲ့ဆီသို့ ပြေးသွားကြသည်။
"မလုပ်နဲ့! နောက်ပြန်ဆုတ်!" ချီချန်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အကြီးအကဲ..."
စစ်ယွိဟန်သည် ခဲ့ရွမ်ကို အချိန်အကြာကြီး စောင့်ဆိုင်း နေခဲ့ရပြီး တစ်စုံတစ်ခု မှားယွင်းသွားသည်ကို သိရှိသွားခဲ့သည်။ သူက ချီချန်ကို ချက်ချင်း တွေးလိုက်မိသည်။
သူသည် တောင်တန်းတစ်လျှောက်လုံး ရှာဖွေခဲ့သည်။
နောက်ဆုံးတွင် သူသည် တောင်၏အနောက်ဘက်သို့ ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့်
သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။
မဟုတ်ဘူး.. မဟုတ်ဘူး..။
စစ်ယွိဟန်သည် သန်မာသော ယောက်ျားတစ်ယောက်က ခဲ့ရွမ်ဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ပြီးနောက် သူ့ဓားကို အသုံးပြုကာ ခဲ့ရွမ်၏ နှလုံးသားတည့်တည့်ကို ထိုးလိုက်သည်။ ခဲ့ရွမ်၏ မျက်နှာသည် ဖျော့တော့ သွား၏။ သူ့လက်တစ်ဖက်ကလဲ သွေးတွေ ရွှဲနစ်နေလေသည်။
သူ့ကိုမတွေ့တာ တစ်နာရီလောက်ပဲ ရှိသေးတယ် သူက ဒီအခြေအနေ ဖြစ်နေလေပြီ။
"ခဲ့ရွမ် မဖြစ်ဘူး..." စစ်ယွိဟန်၏ မျက်လုံးများ နီရဲသွားသည်။ ခဲ့ရွမ်က သူ့အပိုင်.. သူသေလို့ မရဘူး။ သူသေလျှင်တောင် သူ့လက်ထဲမဟုတ်ဘဲ တခြားသူရဲ့လက်ထဲမှာ မသေရဘူး။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now