Ch: 50 Ke Ruan Was Injured Again

9K 1.4K 38
                                    

(Unicode)

Chapter-50 Ke Ruan Was Injured Again

ခဲ့ရွမ်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး စစ်သူကြီးလင် ပြန်အလာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူပြန်လာရင် စစ်ယွိဟန်ကို ရှာခိုင်းနိုင်သည်။

သူလုပ်နိုင်တာက စောင့်နေရုံပဲလို့ သူ့ကိုယ်သူ ပြောနေခဲ့၏။

သူ အလွန် စိုးရိမ်နေသော်လည်း စိတ်အေးအေးထားပြီး ပေါ့ပေါ့ဆဆ မလုပ်မိရန် ကြိုးစားနေသည်။ စစ်ယွိဟန်က အပျော်ရှာဖို့ ထွက်သွားတာ ဖြစ်နိုင်သည်။ အကယ်၍ သူကပါ အပြင်လိုက်ထွက်သွားမယ်ရင် ပို၍ ဒုက္ခဖြစ်စေနိုင်သည်။

ထိုအချိန်မှာ တံခါးက ရုတ်တရက် ပွင့်လာသည်။ လူတစ်ယောက်ပေါ်လာပြီး ခဲ့ရွမ်အား ဦးညွှတ်နှုတ်ဆက်၏။

"မင်္ဂလာပါ သခင်လေး"

ခဲ့ရွမ်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး မေး‌လိုက်လေသည်။

"စစ်ယွိဟန်ကို တွေ့မိလား"

"စစ်သခင်လေးလား" ထိုလူက ခေါင်းကိုကုတ်ကာ ပြန်ဖြေသည်။

"သူ အိမ်နောက်က တောင်ပေါ်ကို သွားနေပုံရတယ်"

"သူတစ်ယောက်တည်းလား"

ထိုလူက ခေါင်းညိတ်သည်။

"ကောင်းပြီ.. ငါသိပြီ" ခဲ့ရွမ်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

"ခဏလေး.." ထိုလူက ရုတ်တရက် သူ့ခေါင်းသူထုကာ ပြော၏။

"ကျွန်တော် ဘယ်လောက် တုံးအလိုက်လဲ! တောင်ပေါ်မှာ ထောင်ချောက်တွေ အများကြီးရှိတယ်.. စစ်သခင်လေး ထောင်ချောက်ထဲ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ"

"ဘာ!" ဒါကိုကြားတော့ ခဲ့ရွမ်ရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

"သေစမ်း! ငါ့ကို အဲဒီကို မြန်မြန်ခေါ်သွားပေး" သူက ထိုလူကို ပြောလိုက်၏။

"တောင်းပန်ပါတယ်.. ကျွန်တော် မလုပ်နိုင်ဘူး.. စစ်သူကြီး ပြန်လာလို့ သင့်ကိုမတွေ့ရင် စိတ်ပူလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ကျွန်‌တော့်ကို အပြစ်ပြောမှာ ကြောက်တယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now