Ch 72: သူ့အသက်ကို ယူမယ်/သူ႕အသက္ကို ယူမယ္

8.5K 1.3K 31
                                    

(Unicode)

သူ၏စွမ်းရည်ကိုမြင်ပြီးနောက် စစ်ယွိဟန်သည် သူစော်ကားရန် မတတ်နိုင်သူတစ်ဦးဖြစ်ကြောင်း
ချီချန် ဝန်ခံခဲ့သည်။

ထို့ကြောင့် ဤလူငယ်သည် ခဲ့ရွမ်အား ကူညီပေးနေပါက သူခဲ့ရွမ်ကို အောင်နိုင်ခွင့် လုံးဝမရှိပေ။

သို့သော် စစ်ယွိဟန်သည်လည်း ခဲ့ရွမ်ကို သတ်ချင်‌နေ လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူတို့မှာ တူညီတဲ့ ပစ်မှတ်ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အလွန် ပနံသင့်ပေသည်။

သို့သော်လည်း ချီချန်သည် အဆုံးတွင် စစ်ယွိဟန် ဘာကြောင့် စိတ်ပြောင်းသွားသည်ကို မသိချေ။ သို့သော် ဘာပဲဖြစ်ဖြစ် သူခဲ့ရွမ်ကို လွှတ်မပေးနိုင်ချေ။ ချီချန်က အခု သူ ခဲ့ရွမ်ကို မသတ်နိုင်ခဲ့ရင်တောင် သူ့ကို နန်းတော်ထဲ လုံခြုံစွာ ပြန်ခွင့်မပေးနိုင်ပေ။

"ဒီကို ဘာလာလုပ်တာလဲ" စစ်ယွိဟန်က ချီချန်၏ မျက်လုံးများတွင် သတ်ပစ်ရန် ရည်ရွယ်ချက်ကို မြင်လိုက်ရ၍ အဆောတလျင် မေးလိုက်သည်။

"ငါဘာလုပ်ချင်တာလဲ မင်းသိလား" ချီချန်က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ပြီး ခဲ့ရွမ်ရဲ့ မျက်နှာကို စိုက်ကြည့်နေ၏။

စစ်ယွိဟန် ခဲ့ရွမ်ကို ငုံ့ကြည့်လိုက်သည်။ ခဲ့ရွမ် မနိုးသေးသည်မှာ သေချာပါသည်။ ဤနေရာတွင် ရှိသင့်သော လင်ချင်းယဲ့သည် ယခုချိန်ထိ ပေါ်လာခြင်းမရှိပေ။

သူ သတိလက်လွတ်ဖြစ်သွားခဲ့သည်။

သူသာ မနေ့ညက ဒီမှာ မနေခဲ့ရင် ဒီအရူးလေး တစ်ခုခု ဖြစ်သွားမှာလား?

ဖြူစင်သော အပြုံးဖြင့် ထိုမျက်နှာကို သူ ဘယ်တော့မှ မမြင်နိုင်တော့ဟုတွေးရင်း စစ်ယွိဟန် မခံစားနိုင်တော့ဘဲ သူ့ပတ်ဝန်းကျင်ရဲ့ လေထုက ပိုအေးလာသည်။

"သူက ငါ့အပိုင်"

ချီချန်သည် အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့လက်သီးများကို ဆုပ်ထားသည်။

"သူက ငါ့ရန်သူ"

စစ်ယွိဟန်က ခေါင်းငုံ့ကာ ပြန်‌ပြောသည် ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now