Ch 106: အကျဉ်းထောင်အတွင်း အများသူငှာ ချစ်ခင်လေးစားမှုကို ပြသခြင်း။

6.7K 1K 24
                                    

(Unicode)

လင်ချင်းယဲ့နှင့် ချီချန်အတူတူရှိနေသရွေ့ သူ့အတွက် နေရာမရှိဟု ခဲ့ရွမ် ခံစားမိသည်။

စစ်သူကြီးလုံ ဉာဏ်ပညာရှိသည်မှာ ထင်ရှား၏။ စစ်သူကြီးလင်သည် ဤကိစ္စများအား ကိုင်တွယ်နိုင်မည်ကို သိသဖြင့် အားလုံးကို သူ့ထံ အပ်လိုက်သည်။

ခဲ့ရွမ်သည် အကျဥ်းထောင်ထဲတွင် ပေါ်လာသောအခါ အကျဉ်းကျနေသော အရာရှိများအားလုံးသည် ၎င်းတို့၏ မကျေနပ်ချက်များကို အော်ဟစ်ကာ ၎င်းတို့၏ အသံများကို ကောင်းကင်ယံတွင် ပဲ့တင်ထပ်စေခဲ့သည်။

ချီချန်သည် ဤလူများကို မြင်သောအခါ သူ၏ လူသတ်ချင်သော စိတ်ဆန္ဒသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ဓားကို လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူတို့အား သတ်ပစ်ရန် မထိန်းနိုင်လုနီးပါးဖြစ်နေသည်။

သူ သူတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဤလူများသည် လိန်ကျန်း၏ နောက်လိုက်များ ဖြစ်သည်။ ထိုအချိန်က သူတို့သည် သူ့အဖေအပေါ် ရန်လိုခဲ့ကြပြီး အများစုမှာ ၎င်းတို့၏အမည်များကို အသနားခံစာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အကယ်၍ မီးတောက်နီတိုင်းပြည်ရှိ အဆင့်မြင့်လုံခြုံရေး ကြောင့်သာ မဟုတ်ပါက အချက်အလက်များကို ရှာဖွေ‌နိုင်ရုံသာမက ထိုရန်သူများကို သတ်ခြင်းဖြင့် လက်စားချေနိုင်မည်ဖြစ်သည်။

မိသားစု၏ရန်ငြိုးကို လက်စားချေခြင်းမပြုနိုင်သည့် စိတ်သည် သူ့အား နေ့ရောညပါ နှိပ်စက်ခဲ့သည်။

ချီချန်၏ ပြင်းထန်သော စိတ်ခံစားမှု အတက်အကျကို ခံစားမိလိုက်ပြီး လင်ချင်းယဲ့သည် သူ့ပုခုံးကို ပုတ်လိုက်သည်။ ချီချန်သည် တစ်နည်းနည်းဖြင့် နှစ်သိမ့်မှုရသွားပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အေးစက်သော အငွေ့အသက်များ တဖြည်းဖြည်း လျော့နည်းလာသည်။

ခဲ့ရွမ်သည် အကျဉ်းသားတို့၏တည်ရှိမှုကို လုံးဝလျစ်လျူရှုထားသဖြင့် အကျဉ်းထောင်ထဲ၌ ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

ဓားစာခံတစ်ဦးနှင့်အတူ မီးတောက်နီတိုင်းပြည်၏ မင်းသားသည် အကျဥ်းထောင်အတွင်း အသီးအနှံများနှင့် ဟင်းပွဲများပြည့်နေသော စားပွဲဝိုင်းတွင် ထိုင်နေပါသည်။ စစ်သူကြီးလင်နှင့် မုတ်ဆိတ်မွှေးနဲ့လူသည် သူတို့နောက်တွင်ထိုင်ကာ အရှေ့ကနှစ်ယောက်ကို ကြည့်နေပြီး စစ်သူကြီးလင်၏ နှုတ်ခမ်းက တစ်ခုခုကို ပြောချင်သလို လှုပ်ရှားနေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now