Ch: 27 (U+Z)

10.1K 1.7K 17
                                    

Unicode

Chapter-27 အရေးအပါဆုံးလူ။

မိနစ်အနည်းငယ်အကြာတွင် ဥယျာ‌ဉ်ပိုင်ရှင် မိန်းကလေးသည် မိန်းကလေးများစွာနှင့် ရုပ်ရည်ချောမောလှပ‌သော လူငယ်များစွာကို ခေါ်ယူလာခဲ့သည်။

ခဲ့ရွမ်သည် သူတို့ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမျှော်လင့်ထားသည့်သူကို မတွေ့လိုက်ရပေ။ သူ့မျက်လုံးတွေက ချက်ချင်း နက်မှောင်သွားပြီး
အလွန်အမင်း စိုးရိမ်လာ၏။ သူ ဒီထက်ပိုပြီး မစောင့်နိုင်တော့ပေ။

"သခင်လေး ဘယ်တစ်‌ယောက်ကိုကြိုက်လဲ"

ခဲ့ရွမ်သည် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

သူ့လက်တစ်ဖက်က မေးကိုပွတ်နေပြီး ကျန်တစ်ဖက်က ခုံကို ညင်သာစွာ ခေါက်နေသည်။

"အင်း.. ငါ မရွေးတတ်တော့ဘူး.. သူတို့အားလုံးက ချောမောလှပတဲ့ မိန်းကလေးတွေပဲ.. ရွေးရခက်လွန်းတယ်။ ငါ သူတို့အားလုံးကိုလိုချင်တယ်"

သူ့စကားကြောင့် မိန်းကလေး တော်တော်များများက ရှက်သွားကာ ခေါင်းငုံ့သွားကြသည်။ အခြားသူကြွယ်များထံမှ အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသည်မှာ မှန်သော်လည်း မည်သူကမျှ ခဲ့ရွမ်နှင့်မတူပေ။

သူ့ရဲ့ စကားလုံးတွေက အောက်တန်းမကျသလို သူ့ရဲ့ မျက်လုံးတွေကလည်း ဝေဝါးနေခြင်း အလျှင်းမရှိ။

သို့သော် သူတို့မဝင်လာခင် ပိုင်ရှင်မိန်းကလေး ဘာပြောခဲ့လဲဆိုတာကို ပြန်တွေးမိပြီး သူတို့အခု ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြ၏။

ပိုင်ရှင်မိန်းကလေးသည် ခဲ့ရွမ်က ယောက်ျားလေးတွေ ကိုသာ ကြိုက်ကြောင်း၊ သူက အတင်းအဖျင်း ပြောတာတွေမလိုချင်လို့ မိန်းကလေးတွေကိုပါ ခေါ်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးတော့ သူက တံခါးရှေ့မှာ တောင့်တောင့်ဖြောင့်ဖြောင့်
ယောက်ျားနှစ်ယောက်ကိုလည်း စောင့်ခိုင်းထား၏။ မိန်းကလေးတွေရဲ့အလုပ်က သူသတိလက်လွတ် ဖြစ်နေတဲ့အချိန် မူးအောင်တိုက်ရမှာပင် ဖြစ်သည်။

ပြီးတော့ ဒါတွေအားလုံးက ခဲ့ရွမ်ရဲ့ အကြံအစည် တွေပါလို့ သူမက ပြောသေးသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now