7.9K 1.2K 7
(Unicode)
ချီချန်က ရယ်မောလိုက်သည်။
"မင်း ဘာမှ အာမခံပေးလို့မရဘူး! မင်းတို့အားလုံး သေဖို့ထိုက်တန်တယ်။ မင်း ဒီနေ့သေသွားရင် ငါ့အစ်ကိုချင်းယဲ့ကို ငါကာကွယ်ပေးမယ်"
"မင်း သူ့ကို ဘယ်လိုကာကွယ်နိုင်မှာလဲ။ ဒါက ရှင်ဘုရင်ပိုင်တဲ့ ကမ္ဘာပဲ.. မင်းဒီလိုဘဝမျိုးနဲ့ တစ်သက်လုံး နေသွားချင်တာလား"
ခဲ့ရွမ်က အသက်ပြင်းပြင်းရှူပြီး ဆက်ပြောလိုက်သည်။
"မင်းအရမ်းတစ်ကိုယ်ကောင်းဆန်လို့ မရဘူး.. စစ်သူကြီးလင်က မင်းနဲ့ဒီမှာ အတူရှိမှာမဟုတ်ဘူး.. မင်းသိသင့်တယ်"
"ပါးစပ်ပိတ်ထား!" ချီချန်၏ မျက်နှာသည် ညိုမှိုင်းသွားသည်။
"ချီချန်.. ငါခဲ့ရွမ်က လူသတ်သမားအစစ်ကို ကွပ်မျက်ပြီး ချီမိသားစုရဲ့ နာမည်ဆိုးကို ရှင်းလင်း‌ပေးမယ်လို့ ကျိန်ဆိုပါတယ်.. မင်းငါ့ကို မယုံရင် ငါ့နောက်လိုက်ခဲ့နိုင်တယ်။ ငါစကားမတည်ခဲ့ရင် မင်းငါ့ကို အချိန်မရွေးသတ်ပစ်နိုင်တယ်"
ချီချန် အံ့အားသင့်သွားသည်။ သူ မှိန်းနေတဲ့အချိန်မှာ ခဲ့ရွမ်ဟာ သူ့ကိုယ်သူ အနားယူဖို့ အချိန်တစ်ခုရခဲ့ပြီး ထိုအခွင့်အရေးကို မမေ့ခဲ့ပါပေ။
"ငါပြောခဲ့တာတွေက အမှန်ပဲ၊ မီးတောက်နီတိုင်းပြည်ကို ပြန်လိုက်ခဲ့ပါ.. စစ်သူကြီးလင်နဲ့ ငါက မင်းအတွက် အမှန်တရားကို ရှာဖွေဖော်ထုတ်ပြီး မင်းရဲ့ ညီအစ်ကိုတွေကို တရားဝင် ပြည်သူတွေဖြစ်အောင် ကူညီပေးမယ်"
"မင်း သူတို့ကို ဒီလို ချောင်တောင်မှာ တစ်သက်လုံး ပုန်းမနေစေချင်လောက်ပါဘူး.. ဒါက လုံးဝ လက်တွေ့မကျဘူးဆိုတာ မင်းနားလည်သင့်တယ်"
ချီချန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
သူ့မျက်လုံးများသည် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
"မင်းပြောခဲ့တာတွေက အမှန်လား အမှားလား ငါဘယ်လို သေချာနိုင်မလဲ"
ချီချန်သည် ခဲ့ရွမ်ကိုကြည့်ပြီး ရယ်မောလိုက်သည်။ ဓားကိုင်ထားတဲ့ သူ့လက်က တဖန်တင်းကြပ်သွားပြီး ခဲ့ရွမ်ကို ထိတ်လန့်သွားစေသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now