Ch 51: Lost

9K 1.5K 105
                                    

(Unicode)

Chapter-51 Lost

ခဲ့ရွမ်သည် သူ့ကို အပြစ်မတင်သော်လည်း စစ်ယွိဟန်သည် ယခုအခါ စစ်ကြောမေးမြန်းခြင်းထက် ပိုတော့မည်ဟု ထင်ကာ မငြိမ်မသက်ဖြစ်နေသည်။

သူက အောက်ကိုငုံ့ကြည့်ပြီး ပြောလိုက်၏။

"ကျွန်..ကျွန်တော် ကြောက်တယ်"

ခဲ့ရွမ်သည် တခစ်ခစ် ရယ်မောလိုက်သည်။ စစ်ယွိဟန်သည် အမျိုးသားဇာတ်လိုက်ဖြစ်သော်လည်း ကလေးအရွယ်သာ ရှိသေး၏။

"ငါတို့ နောက်ကျနေပြီ.. အန္တရာယ်ရှိနိုင်တယ်.. အဲဒီက ဆင်းတော့..ငါတို့ပြန်ရမယ်လေ"

စစ်ယွိဟန်သည် သစ်ပင်အောက်သို့ ငုံ့ကြည့်လိုက်သည်။

"ကျွန်တော်.."

"မင်း ခုန်မချရဲဘူးလား.. မင်းကြောက်နေတာလား"
ခဲ့ရွမ်၏ အသံသည် ပျော်ရွှင်မှုတို့ပြည့်နေပြီး သူ၏ မျက်လုံးများတွင်လည်း စနောက်ကျီစားချင်မှုများဖြင့် တောက်ပနေသည်။

စစ်ယွိဟန်က လှောင်ရယ်လိုက်သည်။ ကြောက်တယ်?
အဲဒါ ဘယ်လို ဖြစ်နိုင်လဲ။ ခဲ့ရွမ်ကို ထောင်ချောက် ဆင်ဖို့သာ မဟုတ်ရင် သူနဲ့ ဒီလို ပျင်းစရာကောင်းတဲ့ ကစားနည်းမျိုး ကစားတာထက် သေသွားတာမှ ပိုကောင်းအုံးမည်။

"ကောင်းပြီ.. ခုန်ချလိုက်.. ငါမင်းကိုဖမ်းမယ်"

စစ်ယွိဟန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကိုဖမ်းမယ်? သူ ဒါကို တကယ် သံသယဖြစ်မိသည်။

"ဟန်.. မြန်မြန်လုပ်..ငါ့ခြေထောက်က ဒဏ်ရာရနေတယ်။ အ‌ပေါ်ကို မတက်နိုင်တော့ဘူး.. ဒါကြောင့် မင်း ခုန်ချဖို့ လိုတယ်။ စိတ်မပူနဲ့.. ငါဒီမှာရှိတယ်နော်.. မင်းကို မနာကျင်စေရဘူး" ခဲ့ရွမ်က အားပေးလိုက်သည်။

စစ်ယွိဟန်က တုပ်တုပ်မျှ မလှုပ်ပေ။

"ဟန်.. လာစမ်းပါ!"

စစ်ယွိဟန်က လုံးဝ မလှုပ်သေး။

ခဲ့ရွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

"ငါသိပါတယ် မင်းခုန်ဖို့အရမ်းကြောက်နေတာပဲ ဖြစ်ရမယ်။ မင်းက အမြင့်ကိုကြောက်တာလား.. လာစမ်းပါ.. အမြင့်ကိုကြောက်ရင် မင်းဘာလို့ ဒီလောက်အမြင့်ကို တက်သွားတာလဲ။ နောက်မှ ငါ မင်းကိုမတွေ့မချင်း ပုန်းစရာနေရာရှာပြီး ပုန်းနေ.. ဟုတ်ပြီလား"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now