Ch: 23 (U+Z)

10.5K 1.8K 20
                                    

Unicode

Chapter-23 စစ်ယွိဟန် ပျောက်သွားခြင်း။

ခဲ့ရွမ်သည် စစ်ယွိဟန်ကို လက်ဆွဲလျက် လှည့်ပတ်နေသည်။ သူတို့မှာ အချိန်ကောင်းလေးတစ်ခု ရှိနေပုံရ၏။ လင်ချင်းယဲ့သည် နောက်မှလိုက်ကာ သူတို့ရွေးချယ်သမျှအတွက် ငွေချေပေးရသည်။ နာရီဝက်လောက်ကြာတော့ သူ့လက်ထဲမှာ ပစ္စည်းတွေ ပြည့်နေလေပြီ။

လင်ချင်းယဲ့သည် ခဲ့ရွမ်ကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးပေ။ သူက အံ့သြစွာမေးလိုက်သည်။

"သခင်လေး.. သင်ဘာလို့ ဒီလောက်အများကြီး ဝယ်ရတာလဲ"

စစ်ယွိဟန်ကလည်း သူ့ကို ကြည့်လိုက်သည်။

"ဒါတွေအားလုံးက ယွိဟန်အတွက် ဝယ်ခဲ့တာ.. သူ့ကို ပစ္စည်းတွေဝယ်ပေးမယ်လို့ ငါ ကတိပေးထားတယ်။
သူ့ကိုကြည့်လေ.. သူ့က စကားပြောဖို့တောင် အနိုင်နိုင်ကို.. ငါ့ကို ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ဘူး.. ဒါကြောင့် ငါသူ့အတွက် နည်းနည်း ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တာ"

စစ်ယွိဟန်၏ ရှည်လျားသော မျက်တောင်များသည် တုန်လှုပ်သွား၏။ ရုတ်​တရက်​ သူ့ကိုယ်သူ
ဘာ​တွေခံစား​နေရမှန်းတောင် မသိတော့ပေ။

ထိုသို့ပြောပြီးနောက် ခဲ့ရွမ်သည် အနီးနားရှိ ဆိုင်တစ်ခုဆီသို့ ပြေးသွားခဲ့သည်။ လင်ချင်းယဲ့က သူ့နောက်ကို ထပ်ကြပ်မခွာ လိုက်လာခဲ့သော်လည်း စစ်ယွိဟန်က မလိုက်ခဲ့ပါ။ သူသည် ခဲ့ရွမ်၏ ပုံရိပ်ကိုကြည့်ကာ သူ့မျက်လုံးထဲတွင် တစ်ခုခု တောက်ပလာသည်။

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လည်ပင်းကို နောက်ကနေ လှမ်းဆွဲလိုက်သည်။ စစ်ယွိဟန်က သူ့မျက်နှာမှာ ဘာခံစားချက်မှ မပြခဲ့ပေမယ့် သူ့မျက်လုံးတွေမှာ အေးစက်မှုတွေနဲ့ မုန်းတီးမှုတွေ ပြည့်နှက်နေသည်။ သူက လှောင်ရယ်ကာ ခဲ့ရွမ်ကို လှမ်းကြည့်လိုက်သည်။

ဟုတ်တာပေါ့။ ဒါက သူကြုံရမယ့် အရာပဲ။ စစ်ယွိဟန်က သူ ခဲ့ရွမ်ကို နည်းနည်းလေး လျှော့တွက်မိခဲ့တယ်လို့ တွေးလိုက်သည်။ ဤသည်မှာ အလွန်ညစ်ပတ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ သိပ်ကောင်းတယ်!

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now