Ch 78: စစ်သူကြီးလင်က ရေမကူးတတ်ဘူး/စစ္သူႀကီးလင္က ေရမကူးတတ္ဘူး

8K 1.4K 45
                                    

(Unicode)

ခဲ့ရွမ်သည် လင်ချင်းယဲ့ကို လက်တစ်ဖက်ဖြင့် ခါးကို ဆွဲကိုင်ကာ ကမ်းစပ်ဆီသို့ ခက်ခက်ခဲခဲ ကူးခတ်လာ ခဲ့သည်။ သူသည် လင်ချင်းယဲ့ ဘာမှမဖြစ်စေရန် ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက သူ ချောင်တောင်ကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်မှာ မဟုတ်ပေ။

"ကျွန်တော်တို့ ရှာတွေ့ပြီ.. အကြီးအကဲ.. ရှာတွေ့ပြီ"

ချီချန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"သူဘယ်မှာလဲ?"

"ဒီအလယ်က အောက်နားမှာ"

ချီချန်သည် အလောတကြီး ပြေးလာသည်။ လမ်းမှာ ကျောက်တုံးကို မတော်တဆ ခလုတ်တိုက်မိပြီး ဟန်ချက်ပျက်ကာ မြေပြင်ပေါ်လဲလုနီးပါး ဖြစ်သွား‌သော်လည်း ရှက်ကိုးရှက်ကန်းဖြစ်မှုကို လျစ်လျူရှုကာ မြစ်လယ်သို့ ပြေးသွားခဲ့သည်။

ခဲ့ရွမ်သည် ကမ်းစပ်တွင် မှောက်လျက် လဲလျောင်းနေပြီး မောဟိုက်နေသည်။ ကမ်းနားကို ပြေးလာတဲ့ လူတွေကို သူက ပြောလိုက်၏။

"မြန်မြန်! စစ်သူကြီးလင်ကို ဆွဲတင်ကြ"

ချီချန်သည် လင်ချင်းယဲ့ကို ချက်ချင်း ချီမလိုက်သည်။  ခဲ့ရွမ်သည် သူ၏ခွန်အားများ ဆုံးရှုံးသွားပုံရပြီး ကမ်းပေါ်မှ ချော်ကျလုနီးပါး ဖြစ်နေသည်။

"ဟေ့.. မင်း ငါ့ကိုရော ဆွဲတင်ပေးလို့ ရမလား"

သူက လင်ချင်းယဲ့ကိုကယ်တင်ခဲ့တာလေ.. ဘာကြောင့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြတာလဲ?

အေးစက်သောလက်တစ်စုံက ရုတ်တရက် သူ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ခဲ့ရွမ်သည် ရေထဲတွင် အကြာကြီးနေခဲ့ရသော်လည်း သူ့ခန္ဓာကိုယ်ထက် ပိုအေးနေသည့် အအေးဓာတ်ကြောင့် တုန်လှုပ်သွားသည်။

ခဲ့ရွမ် မတုံ့ပြန်ခင်မှာပဲ စစ်ယွိဟန်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် အားစိုက်ထုတ်ကာ ရေထဲမှ ဆွဲထုတ်လိုက်သည်။

ခဲ့ရွမ် မျက်လုံးပြူးကျယ်သွား၏။ သူသည် ကမ်းပေါ်တွင် မှောက်လျက်လဲလျောင်းနေသောကြောင့် သူ့၏ တုန်လှုပ်နေသည့်မျက်နှာကို မမြင်နိုင်သော မမြင်နိုင်သော စစ်ယွိဟန်အား မော့ကြည့်ရန် ခွန်အားမရှိပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now