7.2K 1.2K 35
(Unicode)
"ရှောင်ဟန်.. ဘာစားချင်လဲ.. မင်းအတွက် ဝယ်ပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်"
စစ်ယွိဟန်က သူ့ကို မော့ကြည့်လိုက်သည်။
"ဖက်ထုပ်"
ဖက်ထုပ်အကြောင်းပြောရင် ခဲ့ရွမ်လည်ပင်းမှာ အေးစက်မှုကို ခံစားရ‌လေသည်။ ဟိုးတစ်နေ့ညတွင် သူသည် စစ်ယွိဟန်အတွက် ဖက်ထုပ်ဝယ်ယူခဲ့သည်။
ထိုကောင်လေးရဲ့ လုပ်ဆောင်ချက်တွေက သူ့ကိုသေတဲ့အထိ ကြောက်လန့်သွားစေခဲ့သည်။
သူ သူရဲဘောမကြောင်‌ချင်ပေမယ့်..
"အခြားတစ်ခုခု ရှိသေးလား"
ခဲ့ရွမ်၏ တင်းမာသောအမူအရာကို မြင်သောအခါ စစ်ယွိဟန် မျက်မှောင်ကြုတ်သွားသည်။
"ကျွန်တော်ဖက်ထုပ်စားတာကို မကြိုက်ဘူးလား"
ခဲ့ရွမ်က အလျင်အမြန် ပြောလိုက်၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. မင်း ကြိုက်တာ စားလို့ရတယ်။ ဒီကမ္ဘာပေါ်မှာရှိတဲ့ အရသာအရှိဆုံး အစားအစာတွေကို စားချင်ရင်တောင် ငါ မီး‌ပင်လယ်နဲ့ ချောက်နက်ကို ဖြတ်ကူးရင် ကူးရပါစေ မင်းအတွက် ရအောင်ယူပေးမယ်"
ခဲ့ရွမ်က သူ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
စစ်ယွိဟန်သည် တုန်လှုပ်သွားသော်လည်း သူ့မျက်နှာတွင် ခံစားချက်ပြောင်းလဲမှုမရှိပေ။
"ပြောရမယ်ဆိုရင် ဒီကမ္ဘာပေါ်က အရသာအရှိဆုံး အစားအစာတွေက သခင်လေးလို မင်းသားတစ်ပါး အတွက် အလွယ်တကူ ရနိုင်မယ်ထင်တယ်.. မီးပင်လယ်နဲ့ ချောက်နက်ကို ဖြတ်ကူးစရာ မလိုပါဘူး"
ခဲ့ရွမ် "....."
ဒါက သူဆိုလိုချင်တာလား?
သူသည် ဇာတ်လိုက်အပေါ် ထားရှိသော စာနာမှုကို ပြသရန် သူ၏စိတ်အားထက်သန်မှုကို ပြသချင်ခဲ့သည်။
သြော်.. အားလုံး ပျက်စီးသွားပြီ!
"ဒီတော့ အရှင့်သားက သင့်ရဲ့ အသုံးအများဆုံး အရာတွေထဲက အရေးမကြီးဆုံးအရာကို ပေးချင်နေတာလား"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now