7.8K 1.3K 36
(Unicode)
"လိမ္မာစမ်းပါ.. မင်း ရေမချိုးလိုက်ဘူးဆိုရင် အအေးမိလိမ့်မယ်။ အဲ့လိုဆို မင်း အရမ်းအဆင်မပြေ ခံစားရပြီး ငါလဲ အဲဒီအတွက် စိတ်မကောင်း ဖြစ်ရလိမ့်မယ်"
စစ်ယွိဟန်သည် သူ့မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း စစ်ယွိဟန်သည် သူ၏လေးနက်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
ခဲ့ရွမ်သည် ထိုကိစ္စအတွက် အချိန်အများကြီး မဖြုန်းချင်ပေ။ စစ်ယွိဟန်၏ ရှားရှားပါးပါး သတိလွတ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ စစ်ယွိဟန်၏အဝတ်အစားများကို ဖယ်ရှားလိုက်ပြီး ရေချိုးကန်ထဲသို့ သယ်ဆောင်သွားခဲ့သည်။
ခဲ့ရွမ်သည် ရေအပူချိန်ကို ဦးစွာ စမ်းကြည့်လိုက်ပြီး အပူချိန်မှန်သောအခါ စစ်ယွိဟန်ကို ရေထဲချလိုက်သည်။
စစ်ယွိဟန်၏ နက်မှောင်သော မျက်လုံးများက ခဲ့ရွမ်ကို စိုက်ကြည့်နေလေသည်။ ခဲ့ရွမ်၏ ထိုကဲ့သို့ သေးငယ်သော လှုပ်ရှားမှုအနည်းငယ်က သူ့ကို အလွယ်တကူ ခွင့်လွှတ်နိုင်စေသည်။
စစ်ယွိဟန်သည် သူ့ကိုယ်သူ ပို၍ အသုံးမကျဖြစ်လာမှန်း သိလိုက်ရသည်။
ခဲ့ရွမ်က သူ့ကို သစ္စာဖောက်မှန်း သေချာသိပြီးတဲ့ နောက်မှာ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ခဲ့ရွမ်ကို သတ်ဖို့ လုံးဝ မတွေးခဲ့မိပေ။
ဒီတစ်ခါတော့ သူတကယ် ကျရှုံးခဲ့ရလေပြီ။
"သခင်လေး" လင်ချင်ယဲ့၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
ခဲ့ရွမ်က စစ်ယွိဟန်ကို ပြောလိုက်၏။
"ဒီမှာ လိမ်လိမ်မာမာ ခဏနေခဲ့နော်"
ခဲ့ရွမ်သည် ခေါက်ကန့်လန့်ကာ နောက်ကွယ်မှ ထွက်သွားလိုက်သည်။
"စစ်သူကြီးလင် ကျေးဇူးပြုပြီး ဝင်လာပါ"
ခဲ့ရွမ်သည် ခုနက လင်ချင်းယဲ့ကို သေသေချာချာ မကြည့်မိဘဲ ယခုအခါ လင်ချင်းယဲ့၏ မဖွယ်မရာ အသွင်အပြင်ကို မြင်လိုက်ရ‌သောအခါ သူ အနည်းငယ် ထိတ်လန့်သွားသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now