7.1K 1.1K 8
(Unicode)
ချီချန်သည် သူ၏ချစ်လှစွာသောလူသားလေး ဤကဲ့သို့ ပြုမူသည်ကို သည်းမခံနိုင်ပေ။ သူက ခဲ့ရွမ်အား လှည့်ပြောလိုက်၏။
"က‌စားနေတယ်ထင်တာလား.. စစ်သူကြီးလုံကရော အရမ်းတော်လွန်းတယ်ထင်နေတာလား"
"ပါးစပ်ပိတ်ထား!"
"အစ်ကိုချင်းယဲ့"
မှန်ပါတယ်၊ သူက ဒီမြင်ကွင်းကို တွေးနေသူ တစ်ယောက်ပါ။ အရာအားလုံးကို သူတို့ကိုယ်တိုင် ပြုလုပ်နေရခြင်း ဖြစ်သည်။ သူတို့သည် ခေတ်သစ်မှာမဟုတ်သလို တကယ့်သရုပ်ဆောင်တွေ မဟုတ်ဘူးဆိုတာကို သူဘယ်လို မေ့နိုင်ပါ့မလဲ?
ဒီလိုနဲ့ သူ့ကြောင့် လူပေါင်းများစွာ သေခဲ့ရပြန်သည်။
"အရှင့်သား!"
လင်ချင်းယဲ့သည် ခဲ့ရွမ်ကို ထိတ်လန့်စွာ ကြည့်‌နေသည်။
"ကောင်းပြီ.. ငါ ပင်ပန်းနေပြီး အနားယူဖို့လိုတယ် စစ်သူကြီးလင် သူတို့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပါ.. ငါ.. အခု ရထားလုံးပေါ် အရင်ပြန်နှင့်မယ်.."
ခဲ့ရွမ် အနည်းငယ် ထိတ်လန့်သွားရ၏။
ခဲ့ရွမ်သည် တစ္ဆေသရဲတစ်ကောင်လို ရထားလုံးဆီသို့ ပြန်လျှောက်သွားသည်။ ဒါကိုမြင်တော့ စစ်ယွိဟန် မျက်မှောင်ကြုတ်သွား၏။
စစ်ယွိဟန်၏ စိုးရိမ်နေသောအကြည့်ကို တွေ့လိုက်ရသောအခါ ခဲ့ရွမ်သည် လုံးဝ စိတ်လှုပ်ရှားခြင်းတောင် မရှိတော့ပေ။ သူက ခါးခါးသီးသီး ပြုံးလိုက်ပြီး ဆို၏။
"အဆင်ပြေပါတယ်။ မနက်ဖြန် ငါတို့ ပြန်လို့ရပြီ။ ငါ မင်းကို ကျွမ်းကျင်တဲ့ ဆရာတစ်ယောက် ရှာပေးပြီး သိုင်းပညာ လေ့ကျင့်နည်းကို သင်ပေးခိုင်းနိုင်တယ်"
စစ်ယွိဟန်က သူ့နှုတ်ခမ်းတွေကို မျဉ်းကြောင်းတစ်ခု ဖြစ်အောင် တင်းတင်းစေ့လိုက်သည်။
"ကောင်းပါပြီ!"
ခဲ့ရွမ်သည် ထောင့်တစ်နေရာတွင် ကပ်ထိုင်နေသည်။
တော်ပါသေးတယ်။ သူ့စိတ်ကို ဖြေလျှော့ဖို့အချိန် ရှိပါသေးတယ်။ တကယ်တော့ ဒါကို လက်ခံဖို့က သူ့အတွက် မခက်ပါဘူး။ အမတ်ချုပ်ကို ဖြုတ်ချဖို့ အချိန်အတော် ကြာအုံးမည်ဖြစ်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now