Ch 79: သေလုနီးပါး လင်ချင်းယဲ့/ေသလုနီးပါး လင္ခ်င္းယဲ့

8K 1.4K 53
                                    

(Unicode)

လင်ချင်းယဲ့သည် မျက်လုံးများကိုဖွင့်ကာ ခဲ့ရွမ်၏ နီရဲနေသော မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။ သူ အံ့ဩသွားရ၏။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ ခဲ့ရွမ်က ရုတ်တရက် ဖက်လိုက်တာကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။

"ကောင်းလိုက်တာ.. မင်းအဆင်ပြေသွားပြီ.. တော်ပါသေးရဲ့ သိပ်ကောင်းတယ်..."

လင်ချင်းယဲ့၏ အေးစက်သောအကြည့်တွင် အနည်းငယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ ချီချန်သည် ခဲ့ရွမ်ကို ဆွဲထုတ်လိုက်ပြီး လင်ချင်းယဲ့ကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။ သူ့လက်သည် ထိန်းမနိုင်သိမ်းမရ တုန်ရီနေလေသည်။

သူ့ရဲ့ချင်းယဲ့က ဘာမှမဖြစ်တော့ဘူး.. သိပ်ကောင်းတယ်!

တစ်ခုခုသာဖြစ်ခဲ့ရင် သူ ဘာလုပ်ရမှန်းသိမှာ မဟုတ်တော့ဘူး။

ထိုအချိန်တွင် လင်ချင်းယဲ့ လုံးလုံး အသိစိတ် ပြန်ဝင်လာသည်။ ဤကဲ့သို့ ပွေ့ချီထားခံရရင်း အစတွင် သူ့မျက်နှာနီမြန်းလာပြီး ထို့နောက် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

"ချီချန် ငါ့ကိုလွှတ်စမ်း.. အမြင်မတော်ဘူး!"

"မစဉ်းစားနဲ့" ဘယ်သောအခါမှ...

ချီချန်က သူ့ကို ရွာထဲခေါ်သွားပြီး သူ့လူတွေကို အမိန့်ပေးလိုက်သည်။

"ခဲ့ရွမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်သွား"

အစ်ကိုချင်းယဲ့က ခဲ့ရွမ်ကို စိတ်ပူနေပြီး ခဲ့ရွမ်က အစ်ကိုချင်းယဲ့ကို ကယ်တင်ခဲ့တဲ့အချက်ကို သူသိသည်။ဒါကြောင့် အစ်ကိုချင်းယဲ့က သူ့ကို စိတ်ချဖို့အတွက် လောလောဆယ်မှာ ခဲ့ရွမ်ကို ခက်ခဲ‌အောင် လုပ်မှာမဟုတ်ချေ။

ခဲ့ရွမ်သည် ထိတ်လန့်ကာ သံသယများဖြင့် ထိုနေရာတွင် ထိုင်နေလေသည်။ ဒါဆို လင်ချင်းယဲ့က အသက်ရှင်နေသေးတာပေါ့!

စစ်ယွိဟန်သည် ဝမ်းသာအားရပြုံးကာ မျက်ရည်ကျ နေသော ခဲ့ရွမ်ကိုကြည့်ရင်း ဒေါသအရှိန် တဟုန်ထိုး တက်လာသည်။ ဒေါသမထွက်အောင် ထိန်းထားချင် သလိုမျိုး သူ့လျှာဖျားက သွားတွေအပေါ်ကို အကြိမ်ကြိမ် ဖိကပ်နေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now