Description (Unicode)

10K 330 4
                                    

ခေတ်သစ်ကမ္ဘာမှာ လဲ့ယောင်းယောင်း သေဆုံးပြီးနောက် သူမဝိညာဉ်က ရှေးခေတ်က အခြားမိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲမှာ အဆုံးသတ်သွားခဲ့ရသည်။  ထူးဆန်းတာက မိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ မိန်းမစိုးဝတ်စုံကို ၀တ်ဆင်ထားတယ်။  လဲ့ယောင်းယောင်းက ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲ ဆိုတာကို အဖြေမရှာရသေးခင် သူမအား ဂန္တဝင်မင်းသား ယွေ့ (လန်ဂျင်းယွိ ) ထံမှာ အစေခံဖို့အတွက် ဆွဲထုတ်ခံခဲ့ရသည်။

မင်းသား ယွေ့က ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည် ။ နောက်ပြီး သူက အမျိုးသမီးများကို အလွန်မုန်းတီးတာကြောင့် သူလက်လှမ်းမီသော အဆင့်ငါးဆင့်အတွင်း မည်သည့်အမျိုးသမီးကိုမှ ဝင်ခွင့်မပြုပေ။

မင်းသား ယွေ့က လဲ့ယောင်းယောင်းကို တစ်ခုခုလုပ်မှာလား?  လဲ့​ယောင်းယောင်းက နန်းတော်ကနေ ထွက်ပြေးဖို့ ကြိုးစားမှာလား? အဖြေရဖို့အတွက် ဖတ်ကြည့်လိုက်ပါ!

P.S.  ဒီဝတ္ထုက အလွန်ချစ်ဖို့ကောင်းပြီး အဲ့တာက တိုးတက်လာသည်နှင့်အမျှ လိင်ဆက်ဆံမှုရမ္မက် ပိုရလာသည်။  ဆွဲဆောင်မှုရှိတဲ့ ယောက်ျားလေးတွေလည်း အများကြီးရှိလိမ့်မယ်!!

Snippet:

လဲ့ယောင်းယောင်းက လန်ဂျင်းယွိရဲ့ လေသံကြောင့် သူ စိတ်ဆိုးနေတာကို ပြောပြနိုင်သည်။  သူမ နှလုံးသားက တုန်လှုပ်သွားသည်။  တခြားသူတွေက သူတို့ကို ကြောက်တဲ့အခါ အာဏာရှင်တွေက အဲ့တာကိုနှစ်သက်နေမှန်း သူမသိပေမယ့် ဒီလူက သူ့ကို မကြောက်စေချင်ဘူးဆိုတာ ရှင်းပါတယ်။  ထို့ကြောင့် လဲ့ယောင်းယောင်းက ချက်ချင်းသူမ၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးကို ဖုံးလွှမ်းကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

သူမ ခြောက်ကပ်စွာ ရယ်မောရင်း “မ ..မဟုတ်ပါဘူး မင်းသား ယွေ့က လူသားစားတဲ့ နတ်ဆိုးတစ်ကောင်မှ မဟုတ်တာ ကျွန်​​တော်မျိုးက ဘာလို့​ကြောက်​ရမှာလဲ?  အစောက ကျွန်.... ကျွန်တော်မျိုး ….”

"အစောက ဘာလဲ ?  ဟမ် ?"

လန်ဂျင်းယွိက လဲ့ယောင်းယောင်း မျက်နှာပေါ်တွင် ရဲရင့်ပြီးကိုးရိုးကားရားနိုင်တဲ့အပြုံးတုကို ဟန်ဆောင်ပြုံးလိုက်ခြင်းမှာ အလွန်ရယ်စရာကောင်းတာကို တွေ့လိုက်ရသည်။  မိန်းမစိုးလေးကို ကျီစားမယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။

ဒီရက်တွေမှာ သူအရမ်းပျင်းနေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ် ...

ရိုးရိုးသားသားပြောရရင် ဒီမိန်းမစိုးလေးက ချစ်စရာ ကြွက်ကလေးလိုပဲ။ သတ္တိတည်းပေမယ့် ချစ်ဖို့ကောင်းတယ်။

အဲ့ဒါကိုတွေးပြီး လန်ဂျင်းယွိက လဲ့ယောင်းယောင်းဆီ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည် ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now