အပိုင်း ၄၅(Uni)(Zawgyi)

937 79 1
                                    

Uni

မင်းသား ကျွန်တော့်ကို ဘယ်လို အလျော်ပေးမှာလဲ?

မင်းသား ယွေ့ ၏အသံက ကွဲအက်အက်ဖြစ်နေသော်လည်း ယုံကြည်မှုရှိသော စွပ်စွဲသံနောက်တွင် လဲ့ယောင်းယောင်း စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲခြင်းကို တွေ့ကြုံခံစားခဲ့ရသည်။  ကြည်လင်သော ကောင်းကင်ပြင်တွင် ကျယ်လောင်သော မိုးကြိုးသံတစ်ခုဟိန်းထွက်လာပြီး သူမ၏ တစ်ခုတည်းသော အတွေးကတော့ -

ပြီးဆုံးသွားပြီ!

သူမ ဖော်ထုတ်ခံလိုက်ရပြီ !  သူမ စိတ်ကြီးဝင်နေတဲ့ ဝက်ကို ရိုက်နှက်ခဲ့သော်လည်း သူ သူမကို ရှာတွေ့သွားပြီ။

သူမ၏ လုပ်ရပ်တွေက မှားတယ်လို့ သူမ မထင်ဘူး။  အကယ်၍ သူမသာ အချိန်ကိုပြန်ရစ်နိုင်ခဲ့ရင်လည်း သူမဒီအတိုင်းပဲ လုပ်ဦးမှာ ပဲ ဒါတင်ကသေးဘူး သူမအာမခံချက်ပေးနိုင်ရင် သူမ ဖမ်းမိခံရမှာ မဟုတ်ဘူး။

 အခုတော့ အဲဒီလူက သူမကို ဖမ်းတော့မယ်။  အကယ်၍ သူမက တရားခံဖြစ်ကြောင်း ငရဲမင်း တွေ့ရှိသွားပါက မနက်ဖြန်ရဲ့နေထွက်ချိန်ကို သူမ မမြင်နိုင်တော့ပေ။

ဒါကိုတွေးရင်း လဲ့ယောင်းယောင်း ကြောက်ရွံ့ထိတ်လန့်ပြီး စိတ်ဓာတ်ကျသွားခဲ့တယ်။

လောလောဆယ်တွင် ငရဲမင်းက သူမကို စေ့စေ့ကြည့်နေတယ်။  သူ့မျက်နှာက ခံစားချက်တွေကို ထုတ်ဖော်မပြပေမယ့် သူ့မျက်လုံးတွေက သေစေနိုင်တယ်။  သူမသွားတဲ့လမ်းမှာ အားပြင်းတဲ့ တွန်းအားတစ်ခုရှိနေသလိုပါပဲ။  လဲ့ယောင်းယောင်း ခေါင်းပြန်ကိုက်လာပြီ။

“အမ်၊ ဟို….”

လဲ့ယောင်းယောင်း ရှင်းပြချင်သော်လည်း စကားထစ်ခြင်းကို မရပ်တန့်နိုင်ပေ။  သူမ နောက်ထပ်စကားတစ်ခွန်းမှ မပြောနိုင်မီတွင် မင်းသားယွေ့က သူ့အဝတ်အစားရဲ့အောက်ပိုင်းကို ကြမ်းတမ့းစွာခါထုတ်ပြီး အခန်းထဲမှ လှည့်ထွက်ခဲ့သည်။  သူ အိမ်ရှေ့တံခါးဆီသို့ ဦးတည်သွားခဲ့သည်။

ဒါကိုမြင်တော့ လဲ့ယောင်းယောင်း တံတွေးတွေကို ပြင်းပြင်းထန်ထန် မျိုချလိုက်ပြီး ငိုချင်နေပေမယ့် မျက်ရည်ကမကျလာဘူး။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now