အပိုင်း ၃၅(Uni)(Zawgyi)

1.1K 89 2
                                    

Uni

မင်းနေနိုင်တယ်

လဲ့ယောင်းယောင်းက အခြားသူများ၏ တင်းမာသော တုံ့ပြန်မှုကို လုံးဝ သတိမထားမိပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ အာရုံအားလုံးဟာ လန်ဂျင်းယွိကိုသာ အာရုံစိုက်နေသောကြောင့်ဖြစ်သည်။


သူမ ဒီနေရာကနေ အမှန်တကယ် ထွက်ခွာလိုသော်လည်း သူမက သူမ၏ ချက်ပြုတ်ခြင်းအတွက် ရိုးသားစွာ ဂုဏ်ယူခဲ့သည်။  သူမရဲ့အလုပ်အတွက် ချီးကျူးမှုတစ်ခုတောင် မရခဲ့ဘူးဆိုရင် သူမရဲ့နှလုံးသားက အနားယူနိုင်မှာ မဟုတ်ပါဘူး။


အမှန်တော့ လဲ့ယောင်းယောင်း က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့သူတစ်ယောက်!

လန်ဂျင်းယွိအနေနဲ့ ကတော့ လဲ့ယောင်းယောင်း သူ့ဆီနီးကပ်လာတဲ့အခါမှာ တုံ့ပြန်မှု သိပ်မရှိပုံပေါ်ဘူး။သူလုပ်သမျှကတော့ ခေါင်းငုံ့ပြီး သူ့ပန်းကန်လုံးထဲအပြည့်သိပ်ထည့်နေတာကို စောင့်ကြည့်နေတာပဲ။  မော့ကြည့်လိုက်သောအခါတွင် သူက သူ၏ အကောင်းမြင်သော အမူအရာနှင့် ကြုံတွေ့လိုက်ရသည်။


ချက်ချင်းပဲ သူ့အတွင်းထဲ၌ တစ်စုံတစ်ခု ဖြစ်ပေါ်လာပြီး မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။


ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးတွေအောက်မှာတော့  သူ့ပန်းကန်လုံးထဲမှာလဲ့ယောင်းယောင်း ထည့်ပေးထားသည့် အရာအားလုံးကို သူစားခဲ့သည်။  တစ်​ခုလေးတောင် ချန်မထားခဲ့ဘူး!


“မင်းသား ယွေ့ ၊ အရသာက ဘယ်လိုနေလဲ?  ဒါကိုအကြိုက်တွေ့ရဲ့လား?”


လန်ဂျင်းယွိ နောက်ဆုံးကျန်တာကိုစားလိုက်ချိန်တွင် လဲ့ယောင်းယောင်းက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။  ထို့နောက် သူက လက်ကိုင်ပုဝါထောင့်ကို သပ်ရပ်စွာ အသုံးပြု၍ ပါးစပ်ကို သုတ်လိုက်သည်။

လောလောဆယ်တွင်၊ လဲ့ယောင်းယောင်းမှာ အရွယ်ရောက်ပြီးသူ၏ ချီးမွမ်းခြင်းကို ခံရရန် မျှော်လင့်နေသည့် ကလေးတစ်ယောက်လို ဖြစ်နေပုံရသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now