အပိုင်း ၁၄၁၊၁၄၂

554 44 7
                                    

Uni

အပိုင်း ၁၄၁- ရေကန်ထဲသို့ ပြုတ်ကျခြင်း။

 

လဲ့ယောင်းယောင်း၏ ဦးရေပြား ထုံကျင်လာသည်။ သူမခြေထောက်နှစ်ချောင်းက မကူညီနိုင်ဘဲ နောက်ပြန်ဆုတ်သွားမိသည်။

 နောက်ဆုံးတွင် ငရဲမင်း၏ လူသတ်လိုသော အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ ပျော့ညံ့သူတစ်ယောက်အနေနဲ့ သူ့ဆီကနေ ဝေးဝေးနေဖို့က သူမအတွက် အကောင်းဆုံးစိတ်ဝင်စားမှုပဲ။

 
သို့သော် သူမနောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးနောက် ငရဲမင်းသည် နောက်ထပ်ခြေတစ်လှမ်းတိုးကာ ရှေ့သို့ ဆက်သွားခဲ့သည်။

 
ဒါကိုမြင်တော့ လဲ့ယောင်းယောင်း ပြောစရာစကားမဲ့သွားသည်။

ထို့ကြောင့် သူမနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

အံ့ဩစရာမှာ ငရဲမင်းက သူမကို ဆန့်ကျင်နေခြင်းဖြစ်သည်။ သူမ နောက်ပြန်ဆုတ်လေလေ သူက နီးကပ်လာလေလေပဲ။

 
အဆုံးမှာတော့ သူမနောက်ထပ် နောက်မဆုတ်နိုင်တော့ပေ။ ဘာကြောင့်လဲဆိုတော့ သူမနောက်မှာ ရေကန်ရှိနေသည်။ အကယ်၍ သူမ နောက်ထပ် နောက်ပြန်ဆုတ်သွားရင်တော့ ရေကန်ထဲကို ကျသွားလိမ့်မည်။

 
ယခုဆိုလျှင် လဲ့ယောင်းယောင်း၏ မျက်ခုံးများကျုံ့သွားလေသည်

 
သူမသည် ငရဲမင်းကို အလွန်ကြောက်သော်လည်း၊ သူမသည် ပို၍ပင် ဒေါသထွက်ပြီး စိတ်ပျက်သွားသည်။

လဲ့ယောင်းယောင်း စူးစမ်းနေချိန်မှာ ငရဲမင်းရဲ့ လည်ချောင်းသံက သူမနားထဲကို တိုးဝင်လာသည်။

"ဘာလဲ၊ မင်း နောက်ဆုတ်ဖို့ မစီစဉ်တော့ဘူးလား။"

 "ဟမ်…"

 
ဒါကိုကြားတော့ လဲ့ယောင်းယောင်း ပါးစပ်တွေ မဲ့သွားသည်။ သူမ စကားပြောသောအခါ သူမအသံကအနည်းငယ် စိတ်တိုနေတဲ့အသံပါသည်။


"ဟမ့်"
ရိုးရိုးသားသားပြောရရင်၊ လဲ့ယောင်းယောင်းက ငရဲမင်းကလွဲလို့ ဘယ်အရာကိုမှ မကြောက်ဘူး။ ဒါပေမယ့် ရန်သူက မလှုပ်ရင် သူမ လှုပ်ရှားမှာမဟုတ်ဘူး။ ငရဲမင်း ၏နောက်ထပ်လုပ်ဆောင်မှုမှာ မည်သည့်အရာဖြစ်သည်ကို သူမ မသိမချင်း၊ အကောင်းဆုံးနည်းဗျူဟာမှာ တိတ်ဆိတ်နေခြင်းဖြစ်သည်။
ထို့ကြောင့် လဲ့ယောင်းယောင်းသည် ထိုနေရာတွင် အကြာကြီးရပ်နေခဲ့သည်။ ခဏကြာတော့ မတ်တပ်ရပ်ဖို့ ပင်ပန်းလာပြီ။ သို့သော် သူမသည် ငရဲမင်းကို ရင်ဆိုင်ရန် ခေါင်းမထောင်ရဲသေးပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now