အပိုင်း ၆၅(Uni)(Zawgyi)

913 73 4
                                    

Uni

မီးနဲ့ကစားနေတာလား?

လဲ့ယောင်းယောင်း မင်းသား ယွေ့ ကို စိုက်ကြည့်ရန် သူမ၏ ကြေကွဲဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းအိမ်များကို ချက်ချင်း လှည့်လာသည်။  လောလောဆယ်တွင် မင်းသား ယွေ့ ၏ အေးခဲနေသော မျက်ဝန်းအိမ်များသည် နီမြန်းလာပြီး အတွင်းမှ ပြင်းပြင်းထန်ထန် မီးတောက်လောင်နေပုံရသည်။ ၎င်းသည် သူ့ကို တိရစ္ဆာန်နှင့် ရိုင်းစိုင်းတဲ့သတ္တဝါလောက်နီးပါး ဖြစ်စေသည်။

သူက သူ့သားကောင်ကို ခုန်အုပ်ကာ ပြင်းပြင်းထန်ထန် မျိုချလိုသော ဆာလောင်နေတဲ့ သားရဲနှင့်တူသည်။


ကံမကောင်းစွာပဲ၊ သူမက သူ့မျက်လုံးထဲတွင် သားကောင်ဖြစ်ခဲ့သည်......

“အင်….?”

ဝူးဝူး သူမ သားကောင်မဖြစ်ချင်ဘူး!  မဖြစ်ချင်ဘူး!

တွေးနေရင်းနဲ့ သူမရဲ့လက်ကို ထပ်မံလှုပ်ရှားလိုက်တယ်။  သူမ ဖယ်ပစ်ပြီးတော့ f**k  ထိုနေရာမှ ထွက်သွားချင်သည်။


မမျှော်လင့်ဘဲ၊ ငရဲမင်းက သူမ၏ အတွေးများကို အာရုံခံစားနေပုံရသည်။  သူက သူမထက်မြန်ပြီး သူ့လက်ကြီးတွေကို သူမအပေါ်ကို တင်းတင်းကြပ်ကြပ် ချထားလိုက်ပြီး သူ့ရဲ့ စူးစူးရှရှ အသံကထွက်လာတယ်-

“ရှောင်ထုဇီ ၊ မင်း မီးနဲ့ ကစားနေတာလား"

မီးနဲ့ကစားတယ်?  သရဲတစ္ဆေတွေပဲ မီးနဲ့ကစားချင်မှာ!

သူမ၏ပြိုင်ဘက်က ငရဲမင်းဖြစ်သည်။  မီးနဲ့ကစားတယ်ဆိုတာက သူမ အသက်ဆုံးရှုံးရလိမ့်မယ်လို့ဆိုလိုတာ!  သူမ မသေချင်ဘူး!


ဒါကိုတွေးပြီး လဲ့ယောင်းယောင်း တောက်လောင်နေတဲ့ မဲနက်တဲ့ မျက်ဝန်းအိမ်တွေကို စိုက်ကြည့်နေတယ်။  သူမပါးစပ်က စတင်တုန်လှုပ်လာသည်။  မူလက သူ့ကိုယ်သူ ရှင်းပြဖို့ ပန်းတစ်ပွင့်လို ပြုံးပြဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိမှာတော့ သူမရဲ့ အပြုံးက မျက်ရည်ထက် ပိုဆိုးနေပုံပါပဲ။  သူမ စကားထစ်ခြင်းကို မရပ်တန့်နိုင်ခဲ့ပေ

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now