အပိုင်း ၇၇၊၇၈၊၇၉ (Uni)(Zawgyi)

925 80 4
                                    

Uni

အပိုင်း ၇၇- လဲ့ယောင်းယောင်း ၏ ပါးနပ်သောနည်းလမ်း

ယောင်းယောင်းအတွက်ကတော့ ဒုက္ခအကြီးအကျယ်ရောက်နေပြီလို့ သူမ ပြောနိုင်ပါတယ်။  ဒါ​ပေမယ့်​အဲ့တာက လုံး၀ သူမ အပြစ်​မဟုတ်​ဘူး! ကြီးကျယ်မြင့်မြတ်တဲ့ ၇ယောက်မြောက် မင်းသားလေးက ဘာကြောင့် အိမ်ရှေ့တံခါးကို မဖြတ်လျှောက်ဘဲ တံတိုင်း နောက်ကျောကနေ ခုန်ချပြီး အပြစ်ရှိ သူခိုးလို ဘာကြောင့် ခုန်ဆင်းရတာလဲ?  အနောက်ဘက်က အလွန်အထီးကျန်သောကြောင့် ဤအခြေအနေများအောက်တွင် သူ့ကို သူခိုးဟု သူမ အထင်မှားမိခြင်းသည် သာမန်ထက်သာလွန်၏။

“မင်းသား ၇ ၊ ဒီကျွန်က သေထိုက်တယ်။  ဒါပေမယ့် ဒီကျွန်က အဲ့တာကိုရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။  ကျော်လွှားပြီးတက်လာတဲ့သူက မင်းသား ၇ မှန်းသိရင်​ ၊ ဒီကျွန်​​မှာ သတ္တိတွေ  100လောက် ရှိတယ်​ဆိုရင်​ ဒီကျွန်​​က  မင်းသား ၇ ကို သူခိုးဆိုပြီး နားလည်မှုလွဲမှာမဟုတ်ပါဘူး ”

လဲ့ယောင်းယောင်း ၏စာကြောင်းများတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။  ပထမဦးစွာ သူမ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းမဟုတ်ကြောင်း အလေးပေးပြောကြားလိုသည်။  ဒုတိယအနေနဲ့ နန်ကုန်းကျင်းရှီ လည်း မှားကြောင်း သူမ အရိပ်အမြွက်ပြောခဲ့ပါတယ်။

လဲ့ယောင်းယောင်း ၏ စကားသည် အနည်းငယ် ကျိုးကြောင်းဆီလျော်သော်လည်း နန်ကုန်းကျင်းရှီ က ဒေါသတကြီး ဖြစ်နေသေးသည်။

နောက်ဆုံးတော့ သူ့ xx က နာကျင်နေတုန်းပဲ!  ပြီးတော့ ယောက်ျားတွေက အဲဒီနယ်ပယ်ကို ဂရုအစိုက်ဆုံး။  မိန်းမစိုးငယ်လေးက ဒီထက်ပိုပြီး ခွန်အားကို အသုံးချခဲ့မယ်ဆိုရင် သူ ကာမဆက်ဆံလို့ ရနိုင်မှာမဟုတ်တော့ဘူး!

“ဟမ့် !  မရည်ရွယ်ပါဘူး မင်းပြောတာလား!  ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ဘူးလို့ အစေခံကပြောတယ် အဲ့တာက လုံလောက်တယ်လို့ ထင်နေလား? ငါ မင်းကို ဒီအတိုင်း လွှတ်ထားမယ် ထင်လား?  မင်းငါ့ကို ကန်ခဲ့တာက ဘယ်လောက်ထိ ခက်ခဲလဲ သိရဲ့လား? မင်းငါ့ရဲ့ xx ကို ချိုးလုနီးပါးပဲ!”  သူ အော်ဟစ်ခဲ့တယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now