အပိုင်း ၃၂ (Uni)(Zawgyi)

1.2K 109 11
                                    

Uni

ရှောင်ယောင်းဇီ၏ အသနားခံမှု

လွန်ခဲ့သည့်ရက်အနည်းငယ်က လဲ့ယောင်းယောင်းက သူမ အခန်းဖော်များနှင့် စီချွမ်အစားအစာသွားစားသည်။  အများကြီးစားကြလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ သူမက ဘယ်လောက်စားစား  ကိုယ်အလေးချိန်မတက်သည့် အမျိုးအစားဖြစ်သည်။  မဟုတ်ရင် သူမလို အစားအသောက်ကြိုက်တဲ့ကောင်မလေးက ဝတုတ်လာလိမ့်မယ်။

လဲ့ယောင်းယောင်း သတိဝင်လာသည်နှင့်အမျှ ချဉ်စပ်ပူပူရနံ့က ပိုနီးကပ်လာသည်။  သူမ ရင်းနှီးသော အရိပ်တစ်ခုကိုပင် သတိထားမိသွားသည်။

မိန်းမစိုးခေါင်းဆောင်ကြီး နောက်ကနေ ဟင်းမျိုးစုံသယ်လာတဲ့ လူတွေကတော့ မနေ့က သူမကို ကြက်ပေါင်ပေးခဲ့တဲ့ အစ်ကိုလီ၊ ရှောင်မုဇီတို့ပဲ ဖြစ်ပါတယ်။

ရှောင်မုဇီကို လဲ့ယောင်းယောင်း မြင်လိုက်တော့ ဒီနေ့စားဖိုဆောင်မှာ အလုပ်လုပ်မယ်လို့ ပြောခဲ့တာကို သတိရသွားတယ်။  ထို့အပြင် ရှောင်မုဇီ ဝင်လာသောအခါတွင် လဲ့ယောင်းယောင်းကိုလည်း ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။

သို့သော် ရှောင်မုဇီက လဲ့ယောင်းယောင်းကို ချက်ချင်း တစ်ချက်သာ ကြည့်လိုက်ပြီး မျက်လုံးချင်းမဆိုင်ဘဲ လေးလေးစားစား ခေါင်းငုံ့ထားကာ ချက်ချင်းပင် မျက်လုံးအကြည့်ကို ဖြတ်လိုက်သည်။  သူသတိထားပြီး ရှေ့ကိုလှမ်းကာ အရင်ပန်းကန်တွေကို ဖယ်ပြီး အသစ်တွေနဲ့ အစားထိုးလိုက်တယ်။

ဒီတစ်ခါတော့ ဂေါ်ဖီချဉ်ငါးဟင်းက အမှန်ပါပဲ။

ဂေါ်ဖီချဉ်ငါးဟင်းကို ရောင်စုံပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားသည်။  ပြောစရာတောင် မလိုပါဘူး  တစ်ခန်းလုံးက မွှေးကြိုင်သော အနံ့နှင့် ပြည့်နေသည်။

လဲ့ယောင်းယောင်းက စပြီး ဗိုက်ဆာနေပြီမို့ လောလောဆယ် အနံ့ကို သူမဗိုက်က ပြင်းပြင်း ထန်ထန် တုံ့ပြန်လိုက်သည် ။

ဒါပေမယ့် သူမက အစေခံ တစ်ယောက်ပါ။  ထို့ကြောင့် သူမသည် သူမ၏ အခန်းကဏ္ဍကို သရုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။  အများကြီးမစားခင် နေ့လည်စာစားချိန်အထိ စောင့်ရမယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now