အပိုင်း၄၇(Uni)(Zawgyi)

921 79 1
                                    

Uni

မိန်းမစိုးခေါင်းဆောင်ကြီးက လူယုတ်မာကြီး!

လဲ့ယောင်းယောင်း လန်ဂျင်းယွိ ကို ရင်ဆိုင်စဉ်တွင် သူမ၏မျက်နှာပေါ်၌ ချဉ်တဲ့အမူအရာရှိနေတယ်။ လန်ဂျင်းယွိရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းလာပြီး သူ့ရဲ့နှုတ်ခမ်းနီရဲရဲ ကို တင်းတင်းကျပ်ကျပ် ဖိထားကာ  မကျေနပ်မှုကို ညွှန်ပြနေ၏။


သူ့အသံက ရေခဲ လိုဏ်ဂူထဲကို လေအေးတွေတိုက်နေသလိုပါပဲ။ အဲ့တာက တခြားသူတွေကို တုန်ယင်စေတယ်-

“ မဆိုးပါဘူး။ မဆိုးဘူး။  မင်းမှာ သတ္တိတွေရှိတာ သေချာတယ်”


သူ့အသံက တိုးပြီးအောတယ်။သူ သူမကို ချီးကျူးလိုက်ပေမယ့် သူ့အသံက သူ့ဒေါသကို ဖုံးကွယ်မထားဘူး။

“ဟို….”

ငရဲမင်းရဲ့ စကားကိုကြားတော့ လဲ့ယောင်းယောင်း က သူ့မရဲ့လည်ချောင်းထဲမှာ ဂွမ်းတစ်စ ကပ်နေသလို ခံစားလိုက်ရတယ်။  သူမ စကားတစ်ခွန်းမှ မပြောနိုင်ဘူး။


ထို့အတူ သူမ၏ ခန္ဓာကိုယ်သေးသေးလေးမှာလည်း ကြောက်ရွံ့တုန်လှုပ်နေသည်။ သူမ ရိုးသားစွာနဲ့ပဲ ကြောက်လန့်နေခဲ့တယ် ။


လွန်ခဲ့သည့် နှစ်ရက်က အဖြစ်အပျက်ကို သူမ မှတ်မိသွားတယ်။  မင်းသား ယွေ့က ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် လုပ်ကြံသတ်ဖြတ်သူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်  သူတို့ထဲက တစ်ယောက်ယောက်ကိုတောင် အသက်ရှင်ခွင့် မပေးဘူး။  သူက ရက်စက်ပြီး အကြင်နာမဲ့တယ်


အကယ်၍ သူက ထိုလူသတ်သမားများကို လွယ်ကူစွာ ဖယ်ရှားနိုင်ခဲ့တယ်ဆိုရင် သူမကို တစ်ချက်ရိုက်လိုက်ရုံနဲ့ သူ ချေမှုန်းနိုင်မှာ။


လဲ့ယောင်းယောင်း ယခုအချိန်တွင် လုံးဝကိုဖြူသွားခဲ့ပါပြီ။  ကံကောင်းထောက်မစွာ သည်းမခံနိုင်သောခံစားချက်က စက္ကန့်အနည်းငယ်ကြာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

တည်ငြိမ်သော ခြေလှမ်းများ ဝေးကွာသွားသည့်တိုင်အောင် သူမ ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး သက်ပြင်းရှိုက်လိုက်မိသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now