အပိုင်း ၁၃၅၊၁၃၆

824 57 2
                                    

Uni

အပိုင်း ၁၃၅ - နဂါးလှေပြိုင်ပွဲ

 "ဟင်........"
 
မြန်မြန်၊ မြန်မြန်၊ မြန်မြန်။ အဲ့တာကလွဲပြီး သူဘာပြောနိုင်လဲ။ ချီးပဲ !

 
လဲ့ယောင်းယောင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော် သူမစကားပြောသောအခါတွင် အလွန်သနားစရာကောင်းသည့် အသံဖြင့် "အွန်း... ဒီအစေခံက ဘယ်လိုလုပ်ရမှန်းမသိပါဘူး။ မင်းသား ယွေ့ ၊ မင်းသားက ဒီအစေခံကို သင်ပေးမှရမယ်......."

ဤတစ်ကြိမ်သည် ငရဲမင်း စကားမပြောနိုင်တဲ့ အလှည့်ဖြစ်သည်။

 ဒါပေမယ့် နောက်ဆုံးတော့ သူက သူမကို သင်ပေးခဲ့တယ်လေ.....
—-

လဲ့ယောင်းယောင်း နိုးလာပြီးနောက် လက်တွေနဲ့ ပါးစပ် နာကျင်နေသလို ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်က အားနည်းနေပြီး သူမ၏မျက်လုံးများက အနီရောင်သွေးပြန်ကြောများ ပြည့်နှက်နေသည်။ လဲ့ယောင်းယောင်းသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပျင်းရိစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

နေရဲ့ အနေအထားအရ မွန်းတည့်ချိန်လောက် ဖြစ်နိုင်သည်။

ရာသီဥတုက အရမ်းကောင်းသည်။ လဲ့ယောင်းယောင်းသည် ဖြူဖွေးသော တိမ်တိုက်များဖြင့် ကြည်လင်သောအပြာရောင် ကောင်းကင်ကြီးကို မြင်နိုင်သည်။
မင်းသားက သူမကို ဒီလို အထူးပြုမှုပေးတဲ့အတွက် တခြားသူတွေက သူမရဲ့ရာထူးကို မနာလိုဖြစ်နိုင်သည်။

 
ဥပမာအားဖြင့်၊ ဤအခွင့်ထူးကို အခြားအစေခံများ တစ်ခါမျှ အပေးမခံရဖူးတဲ့အချိန် ယဖန်းကော၌ သူမကို ပြောင်းရွှေ့ခွင့်ပြုခဲ့သည်။

 
သူ့လိင်ပိုင်းဆိုင်ရာစိတ်ပျက်စရာတွေကို လွှတ်ပေးဖို့အတွက် ကိရိယာတစ်ခုလား။

လဲ့ယောင်းယောင်း အဲ့အကြောင်းကို ပိုတွေးလေလေ သူမ စိတ်ရှုပ်လေလေပဲ။

 
ငရဲမင်းက ပတ်ပတ်လည်မှာမရှိသော်လည်း သူမမျက်လုံးမှိတ်ထားလိုက်သောအခါတွင် သူ၏ လည်ချောင်းကအသံနှင့် တောင်းဆိုသံကို သူမကြားနိုင်သည်။ သူ့ရဲ့အသက်ရှုသံကိုလည်း မှတ်မိသည်.......

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now