အပိုင်း ၆၂(Uni)(Zawgyi)

798 71 1
                                    

Uni

အခုချိန်ကစပြီး မင်း ဒီနေရာမှာ နေရလိမ့်မယ် 

မူလက လဲ့ယောင်းယောင်း သူမပါးစပ်မှ ခါးသီးသော ဝေဒနာကြောင့် သေချင်သွားသည်။  ရုတ်တရက် မင်းသား ယွေ့က သူမပါးစပ်ထဲ တစ်စုံတစ်ခုကို ထည့်လိုက်သည်။  သူမ မတုံ့ပြန်နိုင်ခင်မှာ ချိုမြိန်မှုကို မြည်းစမ်းခဲ့ရသည်။  ချိုလွန်းတော့ ခါးတဲ့အရသာကို ပျောက်စေသည်။

သူမ အနည်းငယ် ထိတ်လန့်သွားသော်လည်း ပါးစပ်အပြည့် ချက်ချင်းဝါးလိုက်သည်။

ဝါးပြီးတဲ့အခါမှ ပျားရည်တုံးမှန်း သိလိုက်ရ၏။

သို့သော် ထိတ်လန့်စရာအကောင်းဆုံးမှာ သူမ၏ပါးစပ်ထဲသို့ ပျားရည်တုံးကို ထည့်ပြီး အေးခဲနေသော မျက်နှာထားနှင့် ကြောက်မက်ဖွယ်ကောင်းသော မင်းသား ယွေ့ ဖြစ်သည် ။

သူ့အပေါ်မှာ ပျားရည်တုံးတစ်တုံး ဘယ်လိုလုပ်ရှိတာလဲ ? ပျားရည်တုံးစားရတာကြိုက်တာလား?  ဒါမှမဟုတ် သူမအတွက် ပျားရည်တုံးကို ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ခဲ့တာလား?

လဲ့ယောင်းယောင်း မော့ကြည့်လိုက်တော့ စိတ်ရှုပ်သွားသည်။  သူမက ငရဲမင်းရဲ့ ပန်းနုရောင် ပါးပြင်များကို ဖမ်းမိသွားခဲ့သည်။

အဲ့ဒါက အံ့သြစရာကောင်းပြီး...ချစ်စရာကောင်းတယ်...

ဟိုး…!

ငရဲမင်းက ရှက်သွားတယ် ။

လဲ့ယောင်းယောင်းရဲ့ ထိတ်လန့်သောအမူအရာကြောင့် လန်ဂျင်းယွိက အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။

ရိုးရိုးသားသားပြောရရင် သူဘာကြောင့်လုပ်ခဲ့မှန်းတောင်မသိဘူး။

ရှောင်မုဇီက ထူထဲသော အနက်ရောင် ဆေးပန်းကန်လုံးနှင့် လမ်းလျှောက်လာသည်ကို ပထမဆုံးအကြိမ်အဖြစ် သူမြင်လိုက်ရသောအခါတွင် ပျားရည်တုံးအချို့ ယူလာဖို့ အစေခံတစ်ဦးကို အမိန့်ပေးကာထွက်လာသည်။  မိန်းမစိုးငယ်လေးက ခါးသောအရသာကို မခံနိုင်မှာကို သူကြောက်သည်...

မျှော်လင့်ထားသည့်အတိုင်း သူမှန်တယ် ။  လန်ဂျင်းယွိက သူကောင်းကောင်းပြင်ဆင်ထားလို့ ဝမ်းသာသွားတယ်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now