အပိုင်း ၈၆၊၈၇၊၈၈(Uni)(Zawgyi)

941 82 7
                                    

Uni

အပိုင်း ၈၆ ; မင်းသား ၇ရဲ့ ကျောကိုပွတ်တိုက်ဆေးကြောပေးခြင်း


စိတ်ထဲတွင် လဲ့ယောင်းယောင်းသည် သူ့ကိုယ်သူ နှစ်သိမ့်ရန် အဆက်မပြတ် ကြိုးစားနေ၏။

ကြီးကြီးမားမား ကိစ္စမရှိပါဘူး။  သူမ မြင်သမျှကို အဲ့တာက ဝက်တစ်ကောင်ပဲလို့ ဟန်ဆောင်နေလိမ့်မယ်။ ဝက်ထီးကြီး!  ဟုတ်တယ်၊ ဒါပဲ!

သူ့ကိုယ်သူ ဒါကိုထပ်ခါတလဲလဲ ပြောခြင်းဖြင့် လဲ့ယောင်းယောင်း ၏ ရှက်စိတ်နှင့် စိုးရိမ်စိတ်များ သိသိသာသာ လျော့ကျသွားသည်။  သူမ၏လက်များသည် ကြာရှည်စွာမတုန်လှုပ်ဘဲ နန်ကုန်းကျင်းရှီ ၏အဝတ်အစားအားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။

ဒါပေမယ့် သူရဲ့ ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မြင်လိုက်ရချိန်မှာတော့ လဲ့ယောင်းယောင်း အံ့အားသင့်သွားခဲ့တယ်။

ဘုရားရေ!


ဘယ်လောက်မိုက်လိုက်တဲ့ခန္ဓာကိုယ်လဲ!

သူသည် ဝက်တစ်ကောင်ဖြစ်ရင်တောင် သူက အကြောက်အရွံ့ကင်းတယ်၊ ကြံ့ခိုင်ပြီး အရမ်းမိုက်တဲ့ဝက်တစ်ကောင်ဖြစ်တယ်ဆိုတာ သေချာတယ်။


နန်ကုန်းကျင်းရှီက ငရဲမင်းထက်တစ်နှစ်ငယ်သော်လည်း ဆန့်ကျင်ဘက်ကိုယ်ရည်ကိုယ်သွေးနဲ့ သူတို့၏ခန္ဓာကိုယ်များသည် တူညီပြီး ပြီးပြည့်စုံသည်။


သို့သော် ငရဲမင်း၏ ကိုယ်ခန္ဓာအမျိုးအစားမှာ ပိန်ပိန်ပါးပါးနှင့် ကြွက်သားရှိတဲ့ အမျိုးအစားဖြစ်သည်။  သူက အလွန်အချိုးကျသည်။

နန်ကုန်းကျင်းရှီ ကတော့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှု အမျိုးအစားမှာ ပါဝင်တယ်။  သူ့ကြွက်သားတွေက သူမလျှို့ဝှက်ဖတ်ရမယ့် ကြံ့ခိုင်ရေးမဂ္ဂဇင်းထဲက ဟော့တဲ့မော်ဒယ်တွေနဲ့ ယှဥ်နိုင်သည်။  အထူးသဖြင့် …...သူ့ရဲ့ ကြီးထွားဖွံ့ဖြိုးတဲ့ ရင်အုပ်ကြွက်သားတွေနဲ့ သူ့ရဲ့ကြီးမားလှတဲ့ ပုခုံးတွေ….. သူမဟာ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကနေ အငွေ့အသက်ဖျော့ဖျော့လေးကို ခံစားနိုင်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now