အပိုင်း ၇၄၊၇၅၊၇၆(Uni)(Zawgyi)

1K 77 1
                                    

Uni

အပိုင်း၇၄: ကျွန်​​တော့််မှာ ရောဂါရှိတယ်

ဒါကိုတွေးပြီး လဲ့ယောင်းယောင်း တုန်လှုပ်သွားကာ တစ်ကိုယ်လုံး ချွေးတွေပြန်လာသည်။

ဒီအချိန်မှာ ငရဲမင်းက ထပ်ပြောလာသည်။ ဒီတစ်ခါ သူ့အသံက အရင်ကထက် ပိုနက်ရှိုင်းသည်။ အလွန်အေးလွန်းသဖြင့် သူမအရိုးများကို တိုက်စားသွားနိုင်သည်။

"မင်းငါ့ကိုစကားပြောတဲ့အခါ မင်းခေါင်းကိုမော့ထား!"

လဲ့ယောင်းယောင်းက တွန့်ဆုတ်နေသော်လည်း သူမမျက်နှာလေးကို မော့ထားရင်း ငရဲမင်းကို နာခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

သို့သော် သူမသည် အမှန်အတိုင်းပြောရန် အလွန်ပင် ရက်စက်လွန်းလှသည်။ သူမအသက်ကို ထိန်းသိမ်းဖို့အတွက် လဲ့ယောင်းယောင်းက လိမ်ညာဇာတ်လမ်းကို ဖန်တီးခဲ့သည်။

"အမ်.. မင်းသား ယွေ့ တကယ်တော့ ကျွန်တော့်မှာ ရောဂါရှိတယ်...."

"ဘာ?! မင်းရောဂါရှိတာလား! ဘယ်လိုရောဂါမျိုးလဲ!"

လဲ့ယောင်းယောင်း စကားကိုကြားတော့ လန်ဂျင်းယွိရဲ့ အေးစက်သော မျက်ဝန်းများက ချက်ချင်းပင် တုန်လှုပ်သွားကာ ထိန်းမနိုင်သိမ်းမရ နှုတ်မှ ထွက်လာသည်။

လန်ဂျင်းယွိက အနည်းငယ် တုံ့ပြန်မှုလွန်ကဲသည်ကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် ချောင်းဆိုးသံနဲ့ ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ့မျက်နှာသည် အေးခဲသွားပြန်သည်။ သူ့စိတ်ထဲတွင် သူသည် သူ၏ရေခဲမျက်နှာဖုံးကို ဖယ်ရှားပစ်ချင်ခဲ့သည်။

ဒါပေမယ့် သူ့ပါးပြင်တွေက ပန်းရောင်သန်းနေပြီး သူ့ရဲ့ကြောက်စရာကောင်းတဲ့အမူအရာကနေ အမှတ်အမြောက်အများယူသွားတာ အမှန်ပါပဲ။ ယခုတော့ သူသည် ရှုပ်ထွေးနေပြီး စိတ်မသက်မသာ ဖြစ်နေသည်။

သို့သော်လည်း လဲ့ယောင်းယောင်းရဲ့ အမြင်အရတော့ သူက ရှက်တတ်ပြီး ချစ်စရာကောင်းသည်။

ယခု သူမသည် ရေပေါ်သစ်သားတစ်စလို သူမကို ငရဲမင်း ဆုပ်ကိုင်ထားပုံကို သတိရသောအခါတွင် သူ့ကို အားကိုးရာမဲ့ ကလေးကြီးတစ်ယောက်အဖြစ် မြင်လိုက်ရသည်။ ထို့ကြောင့် ငရဲမင်းအပေါ် သူမခံစားရသော အကြောက်တရားများ လုံးလုံး ပျောက်ကွယ်သွားခဲ့သည်။ ယခုအခါ သူမသည် နီရဲလာပြီး လေကို ရှူရှိုက်ကာ မအိပ်နိုင်တော့ပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now