အပိုင်း ၁၈၁၊၁၈၂

206 14 1
                                    

Uni

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

အပိုင်း ၁၈၁ - ဘဏ္ဍာတိုက်သို့ ဦးတည်ခြင်း။

သစ်သားသေတ္တာက ကြီးလည်းမကြီး သေးလည်းမသေးပေ။ ထို့အပြင်၊ ၎င်းသည်အတော်လေးရိုးရှင်းသည်။ သို့ရာတွင် အဲ့တာသည် ဧကရာဇ်မင်းမြတ်ထံမှ လဲ့ယောင်းယောင်း လက်ခံရရှိသော ငွေတုံးတစ်ထောင်နှင့် ဧကရီရှီးချီ အပ်နှင်းခဲ့သော ရှားပါး အဖိုးတန်ပစ္စည်းများလည်း ပါဝင်သည်။

အဲဒါက သူမရဲ့ အငြိမ်းစားရန်ပုံငွေဖြစ်သည်။

 
21 ရာစုကိုတုန်းက သူမမှာ အရာအားလုံးကို ပေးခဲ့တဲ့ ချမ်းသာတဲ့ ဖခင်တစ်ယောက် ရှိခဲ့သည်။ ရလဒ်အနေနဲ့ကတော့ သူမက ငွေကြေးအတွက် ဘယ်တော့မှ စိတ်ပူစရာ မလိုသလို အယူအဆတွေလည်း အများကြီး မရှိဘူး။

 
ဒါပေမယ့် သူမသည် မင်းသား ယွေ့၏နေအိမ် သို့ရောက်ရှိပြီးကတည်းက လဲ့ယောင်းယောင်းသည် "ဒင်္ဂါးပြားက လူကိုသေစေနိုင်သည်" ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် ခံစားခဲ့ရသည်။

ဝမ်းနည်းစရာမှာ၊ သူမမှာ ပိုက်ဆံရှိပေမယ့် သုံးနှစ်ကြာတဲ့အထိ သူမခန္ဓာကိုယ်ကို မရွေးနိုင်ဘူး။

ဒါပေမယ့် သုံးနှစ်သည် အချိန်မနှောင်းဘဲ ကုန်ဆုံးသွားနိုင်သည်။ သူမခံနိုင်ရည်ရှိရမယ်!

သူမရဲ့ပိုက်ဆံတွေကို ကုတင်အောက်မှာ ထားရတာ မလုံခြုံဘူး။ သူခိုးတွေ ယဖန်းကောထဲသို့ ဝင်ရဲမည်မဟုတ်သော်လည်း သူမအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်သည်။

ဒါကိုတွေးပြီး လဲ့ယောင်းယောင်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ လောလောဆယ် နေ့လည်လောက်ရှိပြီ။ ဒါကြောင့် ဘဏ္ဍာတိုက်မှာ ပိုက်ဆံထည့်သင့်တယ်။ သို့မဟုတ်ပါက သူမသည် ငြိမ်သက်စွာ အိပ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လဲ့ယောင်းယောင်းသည် သစ်သားသေတ္တာထဲမှ ပစ္စည်းအားလုံးကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူမသည် အရာအားလုံးကို ကြီးမားသောအဝတ်တစ်ခုပေါ်တွင်တင်ကာ ထုပ်ပိုးထားလိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now