အပိုင်း ၁၆၁၊၁၆၂

455 53 4
                                    

Uni

အပိုင်း ၁၆၁ - အရမ်းပူတယ်.....


 
“ယစ်မူးယစ်ခြင်းက ပြဿနာထောင်ပေါင်းများစွာကို ဖြေရှင်းပေးတယ်တဲ့...... လာပါ၊ ချီးယား! * အွတ်* ”

လဲ့ယောင်ယောင်သည် တုန်းဖန်းပိုင်နဲ့ နန်ကုန်းကျင်းရှီကို မိုက်မဲစွာ ပြုံးပြရင်း ဝိုင်ခွက်ကို တုန်တုန်ယင်ယင်နဲ့ မလိုက်သည်။ သူမမျက်နှာက အရက်ကြောင့် နီရဲနေသည်။

စက္ကန့်အနည်းငယ်ကြာတော့ သူမ ထပ်မူးသွားပြန်သည်။

လောလောဆယ်တော့ အခုက ညသန်းခေါင်ကျော်နေပြီ။

လက တောက်ပလျက်ရှိကာ ကြယ်များက မှိတ်တုတ်မှိတ်တုတ်နှင့် ည လေပြေလေအေးကလည်းတိုက်ခတ်နေသည်။

 
အပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေရုံသာ။ သို့သော် ရူယီ စားသောက်ဆိုင်၏ VIP အခန်းတစ်ခုတွင် အဆက်မပြတ် ရယ်မောသံများ ထွက်ပေါ်လာသည်။

 
VIP အခန်းသည် အလင်းရောင်ကောင်းစွာရပြီး အလှဆင်ထားသည်။ စားပွဲဝိုင်းပေါ်က အစားအစာတစ်ဝက်သာ အငမ်းမရစားထားသည်။ သို့သော် ဝိုင်ပုလင်းကတော့ အများအပြားရှိခဲ့သည်။

 
အချို့ကို လွန်ခဲ့သည့် အချိန်က ဖွင့်ထားခဲ့သည်။ တချို့က အခုမှဖွင့်ထားတာ။ အနည်းဆုံး အိုးငါးလုံး၊ ခြောက်လုံး ရှိသည်။

သုံးယောက်သား တော်တော်သောက်လိုက်ကြသည်။ နန်ကုန်းကျင်းရှီက လဲ့ယောင်းယောင်း ဝိုင်ကို ကြိုက်မှန်းသိတဲ့အတွက် သူရနိုင်တဲ့ ဝိုင်ကောင်းတိုင်းရဲ့ ပုလင်းတစ်လုံးစီ ယူလာဖို့ စားပွဲထိုးကို အမိန့်ပေးခဲ့သည်။ နန်ကုန်းကျင်းရှီသည် လူငယ်ဆယ်ကျော်သက်လေးကို စာရိတ္တပျက်ပြားစေရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

အစကတော့ တုန်းဖန်းပိုင်က လဲ့ယောင်းယောင်းကို ဆက်မသောက်ဖို့ တိုက်တွန်းခဲ့သည်။ အရက်က ခန္ဓာကိုယ်အတွက် မကောင်းပေ။ ဒါပေမယ့် လဲ့ယောင်းယောင်းက အရသာကို အရမ်းကြိုက်တယ်။ ဒါကြောင့် သူမ မရပ်လိုက်ဘူး။

ပိုသောက်လေ သူမရဲ့စိတ်တွေ ပိုဝေဝါးလာလေပင်။ သူမ၏ ဝမ်းနည်းစရာ အတွေးများအားလုံးကို သူမ မမှတ်မိတော့ပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now