အပိုင်း ၁၃၉၊၁၄၀

981 69 5
                                    

Uni

အပိုင်း ၁၃၉ - တုန်းဖန်းပိုင်၏ညီမ

တစ်ဖက်တွင်၊ တုန်းဖန်းပိုင်၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"ဟားဟား၊ ညီလေး ယောင်းက တော်တော်များများနဲ့ အဆင်ပြေတာ သေချာတယ်!"

"ဟမ့်! အများကြီးနဲ့ အဆင်ပြေတာလား။ သူက ပျားတွေနဲ့လိပ်ပြာတွေကို ဖိတ်ခေါ်နေတာ ” နန်ကုန်းကျင်းရှီက ငြီးတွားလိုက်သည်။

 နောက်ဆုံးတွင် သူစားသမျှသည် သူ့အတွက် အချဉ်အရသာပဲရှိသည်။ အဆုံးမှာတော့ နန်ကုန်းကျင်းရှီက သူ့တူတွေကို အရှိန်ပြင်းစွာချပြီး သောက်လိုက်သည်။

လဲ့ယောင်းယောင်း ကတော့ တခြားစားပွဲမှာ ဒီလိုဖြစ်နေတာကို သူမ မသိခဲ့ဘူး။

ဘာလို့လဲဆိုတော့ သူမမှာ တခြားစိုးရိမ်စရာတွေရှိလို့ပဲ။

သူမ၏ စားပွဲပေါ်ရှိ လူများက သူမကို အဆက်မပြတ် သောက်အောင်လုပ်နေကြသည်။

သူတို့သည် အလွန်အမင်း စိတ်အားထက်သန်ပြီး အရူးအမူးဖြစ်နေကြသည်။ ဒါဟာ သူမကို ရှက်သွေးဖြာစေသည်။

 
အဆုံးတွင် သူမသည် အကြိမ်ရေမည်မျှပင် ငြင်းဆိုသော်လည်း၊ သူမသည် အရက်ခွက်အနည်းငယ်ကို သောက်နေရသေးသည်။

လဲ့ယောင်းယောင်း မခံနိုင်တော့ဘဲ အပြင်ထွက်ရန် အကြောင်းပြချက်အဖြစ် သန့်စင်ခန်းကို အသုံးပြုခဲ့သည်။

အရုပ်ကြိုးပြတ်ဖြစ်တဲ့အထိ သူမ မသောက်ချင်ဘူး။

 
ထို့ကြောင့် ရူရွှမ်းကိုစကားပြောပြီးသောအခါ လဲ့ယောင်းယောင်း ယိမ်းထိုးပြီး တံခါးဆီထွက်သွားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူမသည် သန့်စင်ခန်းကို အမှန်တကယ်အသုံးပြုရန် လိုအပ်သည်။

 
စားပွဲထိုးကို လမ်းညွန်ခိုင်းပြီးနောက် လဲ့ယောင်းယောင်း သည်ကိုယ့်ကိုယ်ကို သက်သာရာရရန် သန့်စင်ခန်းသို့ သွားခဲ့သည်။ ပြီးသွားတဲ့အခါမှာတော့ ပြန်လာဖို့ အလျင်စလို မဖြစ်ခဲ့ချေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now