အပိုင်း ၂၅(Uni)(Zawgyi)

1.3K 99 0
                                    

Uni

ဒေါသထွက်တဲ့ပြဿနာ

လဲ့ယောင်းယောင်း အလွန်ထိတ်လန့်သွားပြီးတော့ မျက်နှာတွေဖြူဖျော့သွားတယ်။ လန်ဂျင်းယွိ သူမကို ပါးရိုက်တော့မယ်လို့ ထင်လိုက်တာကြောင့် သူမ မျက်လုံးတွေကို ချက်ချင်းမှိတ်ချလိုက်တယ်။

ဒါပေမယ့် မျှော်မှန်းထားတဲ့ နာကျင်မှုက မဖြစ်လာခဲ့ပါဘူး။  အဲဒီအစား ရေထဲသို့ လေးလံသောအရာတစ်ခု ကျဆင်းသွားသည်ကိုတော့ သူမကြားလိုက်ရသည်။အဲ့တာက ကြီးမားသော ရေစင်မှုကြီး ဖြစ်ခဲ့သည်။


လဲ့ယောင်းယောင်း စပ်စုပြီး တိတ်တဆိတ် ချောင်းကြည့်လိုက်တော့  မင်းသား ယွေ့ က သူမကို ရိုက်ဖို့ အစီအစဉ်မရှိဘူးဆိုတာ သူမ သဘောပေါက်သွားတယ်။သူက ပွဲကြည့်စင်ထဲက တည်ခင်းထားတဲ့ အစားအသောက်တွေ အားလုံးကို ရေကန်ထဲ တွန်းချပစ်လိုက်တယ်။


သူမက ငရဲမင်း ခုနကပြောခဲ့တဲ့ စကားတွေကိုစဥ်းစားလိုက်သကဲ့သူမရဲ့မျက်လုံးတွေက လက်ခနဲဖြစ်သွားပြီး လှိုင်းဂယက်တွေ အလွှာလိုက်အလွှာလိုက်ဖြစ်နေတာကို  မြင်လိုက်ရတော့  သူမ တွေဝေသွားခဲ့သည်။

သူဘာတွေတွေးနေလဲဆိုတာ သူဘယ်လိုသိလဲ? သူက သူမရဲ့ဗိုက်ထဲက သန်ကောင်မလို့လား? သူမရဲ့အတွေးတွေကို သူဖတ်နိုင်ပါ့မလား?

လဲ့ယောင်းယောင်း စိတ်ဆင်းရဲနေချိန်မှာ သူမရဲ့မျက်နှာက စာရွက်တစ်ရွက်လို ထင်ရှားနေတာကို သူမ သတိမထားမိခဲ့ပါဘူး။  သူမရဲ့ အတွေးအမြင်အားလုံးကိုမျက်နှာပေါ်မှာ ဖတ်ရှုလို့ရနေတယ်။ သူမ စကားတစ်ခွန်းမှ မပြောသော်လည်း လန်ဂျင်းယွိက သူမတွေးနေတာတွေကို အတိအကျသိနေတယ်လေ။


လန်ဂျင်းယွိမှာ ရုတ်တရက်ကြီး "သူ့"ရဲ့ နူးညံ့တဲ့လည်ပင်းကို လိမ်ပစ်ဖို့ ပြင်းပြတဲ့ဆန္ဒတစ်ခုရှိနေတယ်။


ဒီလည်လိမ်ခံရမယ့် အစေခံက အဆိုးထဲက အကောင်းကို မပြောနိုင်ဘူး။  "သူ" အစာငတ်ခံထိုက်တယ်!

ပြီးတော့ သူက နည်းနည်းလေး ထူးဆန်းလွန်းနေပြန်တယ် မဟုတ်လား !?

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now