အပိုင်း ၃၃(Uni)(Zawgyi)

1.1K 100 4
                                    

Uni

အစ်ကိုလီကို ကူညီပေးခြင်း

လဲ့ယောင်းယောင်းရဲ့ စကားကိုကြားတော့ လန်ဂျင်းယွိဟာ လက်တစ်ဖက်က သူ့မေးစေ့ကို အသာအယာပွတ်သပ်ပြီး ကျန်လက်တစ်ဖက်က စားပွဲပေါ်ကို ညင်သာစွာ ခေါက်နေလေသည်။ သူ့မျက်လုံးတွေက အနည်းငယ် ​မှေးကျဥ်းနေပြီး တစ်ခုခုကို တွေးနေသလိုပဲ သူချက်ချင်း စကားမပြောလာဘူး။

ခဏတာ တိတ်ဆိတ်နေခဲ့တယ်။  လန်ဂျင်းယွိ ၏ လှပသေသပ်သောလက်ဖြင့် ခေါက်နေရုံမှတပါး အခန်းထဲတွင် အခြားအသံမရှိပေ။

လဲ့ယောင်းယောင်းကလွဲလို့ လူတိုင်း၏ နှလုံးသားများမှာ သူ့ရဲ့လက်နဲ့ခေါက်နေတဲ့အသံကြောင့် ခုန်ပေါက်နေကြသည်။

သူမက ချောမောသော ယောက်ျား၏ မျက်နှာမှ သူမရဲ့တောက်ပနေတဲ့ မျက်လုံးကြီးတွေကို ဘယ်တော့မှ ရွေ့မသွားဘူး။


ဒါပေမယ့် မင်းသား ယွေ့ရဲ့မျက်လုံးအိမ်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။  သူ့ရဲ့မျက်တောင်တွေက ဘရက်ရှ်ကဲ့သို့ ထူထဲပြီး အဲ့တာကသူ့မျက်နှာအမူအရာ၏ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ထားပြီး  သူ့အတွေးတွေကို တခြားသူတွေ ဖတ်ဖို့ မဖြစ်နိုင်တော့ဘူး။

လဲ့ယောင်းယောင်း ၏ကမ်းလှမ်းမှုကို သူငြင်းပယ်တော့မှာပဲလို့ လူတိုင်းက ထင်နေကြသလို မင်းသား ယွေ့က ပါးစပ်ကို ဖွင့်ဟလိုက်၏။

သူ့အသံက သစ်ပင်ပေါ်ကနေ ပန်းတစ်ပွင့်ကြွေကျလာတဲ့ ကြိုးတူရိယာသံလိုပါပဲ။  အရမ်းဆွဲဆောင်မှုရှိတယ်။

“ မင်းရဲ့ဟင်းလျာကို ငါမကျေနပ်ရင် ဘယ်လိုလုပ်မလဲ?”

“အဲ့လိုဆိုရင်…”

လဲ့ယောင်းယောင်း အဲ့တာကိုတွေးရင်း ခေါင်းကိုငုံ့ထားသည်။  ချက်ချင်းဆိုသလိုပဲ သူမ ခေါင်းကိုမော့ပြီး ပြန်ဖြေလိုက်တယ်

“ အဲ့လိုဆိုရင် အရှင် ကျွန်တော်မျိုး နဲ့ Cook Li တို့နှစ်ယောက်လုံးကို နန်းဆောင်ထဲကနေ ကန်ထုတ်ပစ်လို့ရပါတယ်!”

“ရှောင်ယောင်းဇီ ......!”  Cook Li က ကန့်ကွက်ခဲ့ပါတယ်။

လဲ့ယောင်းယောင်း၏ စကားများကို ကြားလိုက်ရသဖြင့် Cook Li နှင့် ရှောင်မုဇီ တို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့၏  သူတို့က ထိတ်လန့်မှုနှင့် မယုံကြည်မှုများကို သူတို့၏မျက်လုံးများမှ မဖုံးကွယ်နိုင်ပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးOù les histoires vivent. Découvrez maintenant