အပိုင်း ၅၉(Uni)(Zawgyi)

910 98 4
                                    

Uni

မင်း သူ့ကို မကယ်နိုင်ရင် မင်းကိုသူနဲ့အတူ မြေမြှုပ်ပစ်မယ်


ဒါကိုတွေးပြီး သမားတော်က အရမ်းစိတ်အနှောင့်အယှက်ဖြစ်သွားတယ်

သူက သမားတော်ဌာနတစ်ခုလုံးမှာ အကျွမ်းကျင်ဆုံးသမားတော်လေ

သမားတော်က သူ့ကိုယ်သူ တွေးနေတယ် လန်ဂျင်းယွိ လှည့်ကြည့်လိုက်တော့ သူ့အတွေးတွေကို သူ မြင်နေရသလိုပါပဲလန်ဂျင်းယွိ မျက်မှောင်ကြုတ်ပြီး နီထွေးနေတဲ့နှုတ်ခမ်းတစ်စုံကို ဖွင့်ဟလိုက်သည်။  သူ့လေသံက ခါးသီးအေးစက်လှသည်။

“မင်း သူ့ကို မကယ်နိုင်ရင် မင်းကိုသူနဲ့အတူ မြေမြှုပ်ပစ်မယ် ”

လန်ဂျင်းယွိ ၏ အသံက နက်နဲပြီး အလျင်စလိုမဖြစ်နေဘူး။  ဒါပေမယ့် လိုင်းတစ်ခုပဲရှိတော့ သမားတော်က သူ့နှလုံးထွက်ကျသွားတော့မလို ခံစားလိုက်ရတယ်။

သူ၏ နာကြည်းမှုက ချက်ချင် ပျောက်ကွယ်သွားသည်။  နောက်ဆုံးတော့ သူက သမားတော်ဌာနတွင် နှစ်အတော်ကြာနေခဲ့ပြီးဖြစ်သည်။  ထို့ကြောင့် သူက မင်းသား ယွေ့ အကြောင်းကို တော်တော်များများ ကြားသိထားပြီးသား။


မင်းသား ယွေ့မှာ အလွန်ကောင်းမွန်သော ကိုယ်ခံပညာရှိပြီး ဧကရာဇ်မင်းမြတ်၏ နှစ်သက်မှုကို ခံရသော်လည်း၊ သူ၏ ပင်ကိုယ်စရိုက်မှာ ခန့်မှန်းရခက်ပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။  ဧကရာဇ်က သူ့ဘဝအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုခဲ့ရင်တောင် လန်ဂျင်းယွိ စိတ်ဆိုးနေတယ်ဆိုရင် သူ အသက်ရှင်ဖို့ အာမခံချက်မရှိပါဘူး။

ဒါကိုတွေးပြီး သမားတော်က 100% ပေးပြီး လဲ့ယောင်းယောင်း ရဲ့ သွေးခုန်နှုန်းကို အသိစိတ်နဲ့ စမ်းလိုက်တယ်။


မြို့တော်ရဲ့ ဧကရာဇ် သမားတော် မှာ  စိတ်ကြီးဝင်နေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကတော့ အလွန်ထူးခြားပါသည်။

လဲ့ယောင်းယောင်း ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူမအား အပ်စိုက်မှုကိူ ချက်ချင်း ပြုလုပ်ခဲ့သည်။  မိနစ်အနည်းငယ်ကြာပြီးနောက် လဲ့ယောင်းယောင်း၏ မျက်နှာက ပုံမှန်မဟုတ်သော အရောင်မှ အနီရောင်သို့ ပြောင်းလဲသွားသည်။  သူမ၏ တွန့်နေသော မျက်ခုံးတွေကလည်း တဖြည်းဖြည်းချင်း ဖြေလျှော့လာသည်

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now