အပိုင်း ၁၅(Uni)(Zawgyi)

1.5K 127 5
                                    

Uni

သူ သူမကို သတ်တော့မယ်!

အဲဒီနောက်မှာတော့ လန်ဂျင်းယွိရဲ့ ပါးစပ်ထောင့်က ကွေးညွတ်သွားပြီး အေးဆေးငြိမ်သက်တဲ့အမူအရာဖြင့် စကားပြောလာသည်။

“အဲ့ဒီမိန်းမစိုးသေးသေးလေးနဲ့  ငါ့ကိုခြိမ်းခြောက်နိုင်လိမ့်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား?  ဒါက ကမ္ဘာပေါ်မှာအရယ်ရဆုံး ဟာသပဲဖြစ်လိမ့်မယ် !”


လန်ဂျင်းယွိဟာ ခနဲ့လိုက်ပြီး သူ့ကိုယ်သူ အထင်ကြီးမှုနဲ့အလိုမကျမှုတွေကို သူ့မျက်ခုံးကြားကနေ ထုတ်ဖော်လိုက်ပါတယ်။


ပါးဟူက လန်ဂျင်းယွိရဲ့ အေးခဲနေတဲ့ အမူအရာကို ကြည့်ကာ မလွယ်ကူဘူးပဲလိုထပ်မံခံစားလိုက်ရသည်။

ဒီလူက နှစ်ပေါင်းထောင်ချီနေတဲ့ ရေအိုင်တစ်ခုနဲ့တူတယ်။  သူကတကယ့်ကိုပဲ အာရုံလွှဲလို့မရဘူး။

လဲ့ယောင်းယောင်းကတော့ သူမရဲ့မျက်လုံးတွေ ပြူးကျယ်သွားလေရဲ့ ။  လန်ဂျင်းယွိ ဒီလိုပြောလာလိမ့်မယ်ဆိုတာကို သူမအခုထိ မယုံကြည်နိုင်သေးဘူး။

ဒီလူက အစောနကလေးတင် သူမကို“မစိုးရိမ်နဲ့နော်... ငါဒီမှာရှိတယ်” ဆိုပြီး ကြင်နာစွာပြောခဲ့တဲ့သူလေ။  သူ့စိတ်ကိုဒီလိုမျိုး ပြောင်းလဲလိုက်လိုက်မရဘူးလေ။

သူ့ရဲ့အေးစက်နေတဲ့ပုံစံနဲ့ ဂရုဏာမရှိတဲ့အသံဟာ လုံးဝကိုခန့်မှန်းလို့မရနိုင်ခဲ့ပေ။ ဒါဟာ ကောလဟာလတွေက မှန်တယ်လို့ ပြောဖို့လုံလောက်တယ်။သူက တကယ့်ကိုအေးစက်ပြီး အကြင်နာတရားမရှိဘူးပဲ။

ပြီးတော့ သူမသတိထားမိလိုက်တာက ခန့်ညားတဲ့ဒီလူဟာ သူ့အမှုထမ်းတွေဆီကနေ   သူ့ရဲ့လေးကိုလက်ခံရရှိပြီးနေပြီ။လေးကို မတင်ပြီး ဆွဲလိုက်တဲ့အခါမှာ လတစ်စင်းလိုပဲ ကွေးနေတာကိုကြည့်လိုက်တာနဲ့ ဒီလူရဲ့မြှားအတတ်ပညာက လုံးဝကိုကျွမ်းကျင်ပညာရှင်အဆင့်ဆိုတာ သိသာတယ်။

အကယ်၍များ ဒီလေးကို သူမအရင်ကသာ မြင်တွေ့ခဲ့ရမယ်ဆိုရင် ဒါကအလွန်လက်ရာမြောက်တဲ့ အနုပညာတစ်ခုဆိုတာကို သူမ ထောက်ခံမိမှာပဲ။ ဒါပေမယ့် အခုသူမခံစားနေရသမျှကတော့ အချိန်မှာတော့ သူမခံစားလိုက်ရတာက သူမရဲ့ခြေထောက်အောက်ခြေကနေ ခေါင်းဖျားအထိ တိုက်ခတ်နေတဲ့ အေးစက်လှတဲ့လေတွေကိုပဲ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now