အပိုင်း ၁၅၃၊၁၅၄

560 47 4
                                    

Uni

အပိုင်း ၁၅၃ - နန်းတော်သို့ ဝင်ရောက်ခြင်း


ဒါကိုကြားတော့ လဲ့ယောင်းယောင်း ခေါင်းမထောင်ဘဲမနေနိုင်တော့ဘူး။ သူမ၏ နှာခေါင်းက မွှန်ထူလာပြီး နောက်ဆုံးတွင် သူမ၏ မျက်လုံးများမှ မျက်ရည်တစ်စက် ကျလာသည်။

 
ဤမျက်ရည်တစ်စက်သည် တကယ့်အစစ်အမှန်ပင်။

 
ဘာကြောင့်လဲဆိုတော့ တုန်းဖန်းပိုင်က အလွန်ကြင်နာလွန်းသောကြောင့်ပင်။

 
သူမကို သူက တကယ် ကောင်းကောင်း ဆက်ဆံသည်။ သို့သော်လည်း သူမက သူ့ကို လိမ်ညာခဲ့သည်။

 
ယခုဆိုလျှင် လဲ့ယောင်းယောင်းသည် အလွန်ပင် အပြစ်ရှိသလို ခံစားလာရသည်။

လဲ့ယောင်းယောင်း ရှိုက်ငိုလာသည်။ ဒါပေမယ့် သူမရဲ့ မျက်ရည်တွေက ယောက်ျားသုံးယောက်ရဲ့ နှလုံးသားကို ကြေကွဲစေတယ် ဆိုတာ သူမ မသိခဲ့ဘူး။

 
ရုတ်​တရက်​ လက်​အကြီးကြီးတစ်​ခုက သူမရဲ့မျက်​ရည်​​တွေကို ဖြည်းညှင်းစွာ သုတ်​ပေးလာ​သည်​။ ထို့နောက် သူက “မငိုနဲ့။ အခုကစပြီး ငါဒီမှာရှိနေမယ် ” လို့ ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။

 
သူ့အသံက မတ်လရဲ့နေရောင်လို နူးညံ့သည်။ အဲ့တာကတော့ တုန်းဖန်းပိုင်ပင်။

 
တုန်းဖန်းပိုင်၏ အပြုံးသည် သူမ၏ အတွင်းစိတ်ထဲသို့ဝင်ရောက်လာတဲ့ ချောင်းရေနှင့်တူသည်။ အရမ်းနွေးထွေးသည်။

သူမနှင့် အရင်းနှီးဆုံးလူများကသာ သူမကို ထိုခံစားချက်ကို ပေးနိုင်သည်။

ဒါက မိသားစု ခံစားချက်လား!

လဲ့ယောင်းယောင်းက မသေချာပေ။ ဒါပေမယ့် အခုမှစပြီး သူမသည် တုန်းဖန်းပိုင်ကို အကိုတစ်ယောက် အဖြစ် ဆက်ဆံတော့မည်။
တုန်းဖန်းပိုင်သည် သူ့နှလုံးသားကို မထိန်းနိုင်ခဲ့ချေ။ သူ့ကို စွဲဆောင်နေတယ်လို့မခံစားဘဲ မနေနိုင်ပေ။ သူ့နှလုံးက အရမ်း ခုန်နေသည်...

 
တုန်းဖန်းပိုင်၏မျက်လုံးများသည် အလွန်တပ်မက်ပြီး နူးညံ့လာသော်လည်း လဲ့ယောင်းယောင်း သည် အချစ်ကို အတွေ့အကြုံမရှိသောကြောင့် သူမသည် သဘာဝအတိုင်းအဲ့တာကို မခံစားနိုင်ခဲ့ပေ။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now